Lifestyle: ခွေးတွေက ဖက်တာကို မကြိုက်

ခွေးတစ်ကောင်ကို သဘာဝကျကျဖက်ထားတဲ့ ပုံတစ်ပုံကို ကြည့်မယ်ဆိုရင် ဒီစိုးရိမ်မှုဟာ ပေါ်လွင်နေပါတယ်။

play

 

ခွေးတွေဟာ ဖက်ခံရတာကို မကြိုက်ဘူးလို့ လို့ သိရပါတယ်။

play

 

Physchology Today ကို ကိုးကားပြီး Metro ရဲ့ဖော်ပြချက်အရ ခွေးတစ်ကောင်ကို ဖက်လိုက်တဲ့အချိန်မှာ ခွေးမှာ ရှိနေတဲ့စိုးရိမ်မှုတွေ၊ စိတ်ပိုင်းဆိုင်ရာဖိအားတွေကို ပိုမိုမြင့်မားသွားစေနိုင်တယ်လို့ သိရပါတယ်။   ထောင်ချောက်မိပြီး အန္တာရယ်ကထွက်မပြေးနိုင်ဘူးဆိုတဲ့ ခံစားချက်မျိုး ခွေးမှာ ဖြစ်ပေါ်တယ်လို့ ဆိုပါတယ်။

play

 

ခွေးတွေ အန္တာရယ်တစ်ခုကြုံရတဲ့အခါ ခုခံကာကွယ်ဖို့ ပထမဆုံးလုပ်တဲ့နည်းဟာ ထွက်ပြေးတာဖြစ်ပြီး ခွေးကိုရွေ့လျားလို့ မရအောင်လုပ်လိုက်တဲ့အခါ သူ့ရဲ့စိုးရိမ်မှုဖိအားအဆင့်ဟာ မြင့်တက်သွားပါတယ်။ ခွေးတစ်ကောင်ကို သဘာဝကျကျဖက်ထားတဲ့ ပုံတစ်ပုံကို ကြည့်မယ်ဆိုရင် ဒီစိုးရိမ်မှုဟာ ပေါ်လွင်နေတယ်လို့လည်း Metro က ဖော်ပြပါတယ်။ သူတို့ရဲ့နှုတ်ခမ်းတွေကိုလျက်တာ၊ ဖက်သူရဲ့မျက်နှာကိုလျက်တာတွေဟာ စိုးရိမ်တဲ့လက္ခဏာတွေတောင် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

play

 

Photos & Source: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ