Lifestyle: ငါးကြီးဆီက စိတ်ကျရောဂါကို သက်သာစေ

သုတေသနကို မဲလ်ဘုန်းတက္ကသိုလ်နဲ့ ဟားဗတ်တက္ကသိုလ်တို့ ပူးပေါင်းပြုလုပ်ခဲ့ကြတာပါ။

play

 

သြစတြေးလျနဲ့ အမေရိကန် ပူးပေါင်းဆောင်ရွက်တဲ့ သုတေသနတစ်ခုရဲ့ ရလဒ်အရ Omega 3 ခေါ် ငါးကြီးဆီဟာ စိတ်ကျရောဂါကုသရာမှာ အထောက်အပံ့ဖြစ်စေနိုင်ကြောင်း သိလိုက်ရပါတယ်။ ဒီသုတေသနကို မဲလ်ဘုန်းတက္ကသိုလ်နဲ့ ဟားဗတ်တက္ကသိုလ်တို့ ပူးပေါင်းပြုလုပ်ခဲ့ကြတာပါ။

play

 

Omega 3 တိုက်ကျွေးပေးခြင်းကြောင့် စိတ်ကိုတည်ငြိမ်စေပြီး စိတ်ဓာတ်ကျဆင်းမှု၊ စိတ်အားငယ်မှုခံစားရတာတွေကို သက်သာစေတယ်လို့ သုတေသနပညာရှင်တွေက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ၅၅ နှစ်အတွင်း နိုင်ငံတကာရှိ စိတ်ကျဝေဒနာခံစားနေမှုပေါင်း ၄၀ အား သုတေသနပြုခဲ့ကြတယ်လို့ သိရပါတယ်။

လေ့လာတွေ့ရှိချက်အရ ငါးကြီးဆီ၊ ဗီတာမင် D နဲ့ SAMe ခေါ် ဒြပ်ပေါင်းတို့ဟာ အခြားဆေးဝါးတွေထက်စာရင် စိတ်ကျရောဂါအတွက် ပိုပြီးထိထိရောက်ရောက် ကုသပေးနိုင်တာကိုလည်း တွေ့ရပါတယ်။

Source : Xinhua

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ