Lifestyle: တိမ်တွေပေါ်တက်ပြီး မီးကြိုးပြင်တဲ့ လျှပ်စစ်အင်ဂျင်နီယာတွေ

ကြိုးတန်းတွေပေါ်မှာ လမ်းလျှောက် အလုပ်လုပ်ပြီးနောက် ပါလာတဲ့ရေဘူးကို ထုတ်သောက်ကာ အနားယူခဲ့ကြပါသေးတယ်။

play

 

တရုတ်လျှပ်စစ်အင်ဂျင်နီယာတွေရဲ့ သက်စွန့်ဆံဖျား အလုပ်လုပ်နေကြပုံတွေဟာ မြင်ရသူကို ကျောချမ်းစေခဲ့ပါတယ်။ CCTV သတင်းဌာနက ဗီဒီယိုထဲမှာ မြင်ရတာကတော့ သူတို့တွေဟာ တိမ်တွေကြားထဲမှာ ရောက်နေသလိုပါပဲ။

play

 

ဇီကျန်းပြည်နယ်မြောက်ပိုင်းကနေ တရုတ်ပြည်အရှေ့ပိုင်း ဖူကျိုးပြည်နယ်ကို ဆက်သွယ်ထားတဲ့ ဓာတ်အားလိုင်းတွေကို ပြုပြင်ဖို့အတွက် လျှပ်စစ်အင်ဂျင်နီယာတွေက အဆိုပါဓာတ်အားလိုင်း ကြိုးတန်းတွေပေါ်ကို တက်ရောက်ခဲ့ကြတာပါ။ ကြိုးတန်းတွေပေါ်မှာ လမ်းလျှောက် အလုပ်လုပ်ပြီးနောက် ပါလာတဲ့ရေဘူးကို ထုတ်သောက်ကာ အနားယူခဲ့ကြပါသေးတယ်။

play
play

 

ဇီကျန်းနဲ့ဖူကျိုးပြည်နယ်တစ်လျှောက်ဟာ တောင်ထူရာဒေသတွေလည်း ဖြစ်ပါတယ်။ ဓာတ်အားလိုင်းတွေဟာ တောင်တွေပေါ်မှာ တည်ဆောက်ထားတာကြောင့် ကြိုးတန်းတွေပေါ်ကို တက်သွားတဲ့ လျှပ်စစ်အင်ဂျင်နီယာတွေက တိမ်တွေပေါ်လမ်းလျှောက်သလို ဖြစ်နေခဲ့တာပါ။ ကြိုးတန်းအောက်မှာ မြူတွေဆိုင်းနေပြီး အောက်ခြေကိုတောင် မမြင်ရပါဘူး။

Source : CCTV

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ