Lifestyle: နားကလော်သင့်လား

နားကလော်ခြင်းကြောင့် နောက်ဆက်တွဲပြဿနာတွေအနေနဲ့ အပြင်နားရောင်ခြင်း၊ မတော်တဆ နားစည်ပေါက်ခြင်းနဲ့ နားလေးတာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

play

 

နားကလော်တာ၊ နားကြပ်တံနဲ့ ထိုးတာတွေဟာ နားကို ထိခိုက်စေနိုင်တယ်လို့ သိရပါတယ်။

ဂွမ်းတပ်ထားတဲ့ နားကြပ်တံနဲ့ ထိုးတဲ့အခါ အရည်အသွေးမကောင်းတာကြောင့် ဂွမ်းပြုတ်ထွက်သွားပြီး နားထဲဂွမ်းကျန်တဲ့လူနာတွေခဏခဏလာတယ်လို့ ရန်ကုန်ဆေးတက္ကသိုလ်(၁) မှ နား၊နှာခေါင်း၊လည်ချောင်းခွဲစိတ်ကုဌာန ဆရာဝန်တစ်ဦးက ပြောကြားထားတယ်လို့ 7Day Daily ရဲ့ ကျန်းမာရေးသတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

play

 

နားသန့်ရှင်းရေးလုပ်တာဟာ သတ်မှတ်ထားတဲ့ကိစ္စမဟုတ်ကြောင်းနဲ့ နားကိုထိခိုက်သွားနိုင်တာကြောင့် မလုပ်သင့်ဘူးလို့လည်း ပြောကြားပါတယ်။ နားရွက်ဟာ အရိုးနုရှိတဲ့ အပိုင်းဖြစ်တာကြောင့် လှုပ်နေပြီး နားဖာချေးဟာ လေနဲ့ ထိပြီး ကွာကျသွားတာဖြစ်ပါတယ်။ နားကလော်ခြင်းကြောင့် နောက်ဆက်တွဲပြဿနာတွေအနေနဲ့ အပြင်နားရောင်ခြင်း၊ မတော်တဆ နားစည်ပေါက်ခြင်းနဲ့ နားလေးတာတွေဖြစ်ပေါ်လာနိုင်တယ်လို့ သိရပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ