Lifestyle: ခရမ်းလွန်ရောင်ခြည်ကို ဘယ်လိုကာကွယ်မလဲ

ယခုတစ်ခေါက်မှာတော့ Kaymu ကနေ ခရမ်းလွန်ရောင်ခြည်ကို ဘယ်လိုကာကွယ်ရမလဲဆိုတာ တင်ဆက်ပေးလိုက်ပါတယ်။ 

နေရောင်ခြည်ကနေကျရောက်တဲ့ ခရမ်းလွန်ရောင်ခြည်ကို ကြာမြင့်စွာ ထိတွေ့သူတွေဟာ အသားအရေ ကင်ဆာရောဂါဖြစ်ပွားနိုင်မှု မြင့်မားပါတယ်။ ဒါဆို နေရောင်ခြည်ကို မထိတွေ့အောင် အိမ်မှာပဲနေထိုင်မယ်ဆိုရင်လည်း ကျွန်တော်တို့တွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ယခုတစ်ခေါက်မှာတော့ Kaymu ကနေ ခရမ်းလွန်ရောင်ခြည်ကို ဘယ်လိုကာကွယ်ရမလဲဆိုတာ တင်ဆက်ပေးလိုက်ပါတယ်။  

လူအများစုဟာ ပင်လယ်ကမ်းခြေ၊ ရေကူးကန်အစရှိတဲ့နေရာတွေကို သွားမှသာ အသားအရေလူးအဆီတွေကို လိမ်းသင့်တယ်လို့ယူဆထားကြပေမဲ့ သင်ဟာ နေ့တိုင်း နေရောင်ခြည်နဲ့ ထိတွေ့နေရတာကြောင့် အောက်ဖော်ပြပါနည်းလမ်းတွေကို ဖတ်ရှုပြီး အမြဲသတိထား ကာကွယ်သင့်ပါတယ်။

ပူလွန်တဲ့ရာသီဥတုဒဏ်နဲ့ ခရမ်းလွန်ရောင်ခြည်ကျရောက်မှုဒဏ်တို့ကို  ကာကွယ်ဖို့အတွက် -

၁။ ရွပ္အက်ႌဝတ္ပါ။

၂။ နေရောင်ခြည်ကာကွယ်တဲ့ အလှဆီများ လိမ်းပါ။

၃။ ဦးထုပ်/ ထီး ဆောင်းပါ။

၎။ နေကာမျက်မှန် ဝတ်ဆင်ပါ။

play

TONYMOLY Sun Block Cream ကြည့်ရန်။

အရိပ်ကောင်းကောင်းမှာ အနားယူပါ။

သင့်အနေနဲ့ အကယ်၍ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီကြား အပြင်ထွက်ဖို့ရှိပါက အရိပ်ကောင်းကောင်းတစ်ခုမှာ ခေတ္တအနားယူဖို့မမေ့ပါနဲ့။ အကယ်လို ဘယ်လောက် နေပူချိန်ရှိလဲဆိုတာကို သိရှိစေဖို့အတွက် နေပူထဲမှာ သင့်ရဲ့အရိပ်ဟာ သင့်ထက် တိုနေပါက ဒါဟာ နေအပူချိန်များပြားနေပြီး ကာကွယ်ဖို့လိုတယ်ဆိုတာကို သိနိုင်ပါတယ်။

play

Tamarind Body Lotion ကြည့်ရန်။

ခရမ်းလွန်ရောင်ခြည်တွေဟာ အချိန်နဲ့ နေရာမရွေးပြောင်းလဲနိုင်တဲ့အတွက် အေးလွန်းတဲ့ရာသီဥတု ဒါမှမဟုတ် သင်ရေကူးနေတဲ့အချိန်မှာဆိုရင်တောင် အေးနေပေမဲ့ နေလောင်ဒဏ်ခံရနိုင်တယ်ဆိုတာကို သင့်အနေနဲ့ သတိထားဖို့လိုပါတယ်။ 

play

Body Butter ကြည့်ရန်။

အဝတ်အစား

တကယ်လို့အပြင်သွားရမယ်ဆိုရင်လည်း သင့်အနေနဲ့ အသားအရေကို ဖုံးအုပ်ပြီး ပေါ့ပါးတဲ့ အဝတ်အစားမျိုး ဝတ်ဆင်ပါ။ အနက်ရောင်ဟာ အရောင်ဖျော့တွေထက် ပိုပြီးတော့ အကာအကွယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုဝတ်ဆင်ထားလို့ နေရောင်ခြည်ကနေ အပြည့်အဝ ကာကွယ်ရပြီလို့ မယူဆလိုက်ပါနဲ့။

play

 

Kerasys Perfume ကြည့်ရန်။

အခုအခါမှာဆိုရင် အထည်ချုပ်စက်ရုံများမှာ ခရမ်းလွန်ရောင်ခြည် ကာကွယ်ပေးနိုင်အောင် အဝတ်အစားတွေကို ထည့်သွင်း ချုပ်ယူ ထုတ်လုပ်လာပါပြီ (UPF အမှတ်အသားနဲ့ဖော်ပြပေးထားပါတယ်)။

play

AORON Sunglasses ကြည့်ရန်။

နေရောင်ဒဏ်ကာကွယ်ပေးတဲ့ အဆီ

play

AORON Sunglasses ကြည့်ရန်။

၎င်းတို့ဟာ နေရောင်ခြည်ရဲ့ ဒဏ်ကို အပြည့်အဝကာကွယ်ပေးနိုင်တယ်လို့ သိထားဖို့လိုပါတယ်။ ဒီလိုမျိုး လူးလိမ်းထားပြီးတော့လည်း နေရောင်ခြည်အောက်မှာ အကြာကြီးမနေသင့်ပါဘူး။

play

Fancy White Hat ကြည့်ရန်။

နေရောင်ဒဏ်ကာကွယ်တဲ့ ပစ္စည်းတွေကို ပုံစံအမျိုးမျိုးနဲ့ ဝယ်ယူအသုံးပြုနိုင်မှာပါ (မိမိ ဝယ်ယူအသုံးပြုမယ့် အလှကုန်ပစ္စည်းတွေကို နေရောင်ခြည်ကာကွယ်ပေးခြင်း ရှိ၊ မရှိ ၊ သက်တမ်းကုန်ဆုံးရက်၊ အသားရေနဲ့ တည့်၊ မတည့် ဖတ်ရှု စစ်ဆေးအသုံးပြုပါ)။ ခန္ဓာကိုယ်မှာလိမ်းတော့မယ်ဆိုရင်လည်း ဖော်ပြထားတဲ့အတိုင်း သေသေချာချာနှံ့အောင် လိမ်းပါ။

play

Star Pattern Pink Cap ကြည့်ရန်။

ဦးထုပ်တို့ကို ဝတ်ဆင်တော့မယ်ဆိုရင်လည်း ဦးထုပ်လျှာ ၇ လက်မက်အရွယ် အရှည်ရှိတဲ့ ဦးထုပ်မျိုးကို ရှာဖွေဝတ်ဆင်ပါ။  ခရမ်းလွန်ရောင်ခြည်ကာကွယ်ပေးတဲ့ နေကာမျက်မှန် များ (“UV absorption up to 400 nm” သို့ “Meets ANSI UV Requirements” စာသား အမှတ်တံဆိပ် ပါရှိတာ) ကို စစ်ဆေး ဝယ်ယူ ဝတ်ဆင်ထားခြင်းအားဖြင့် သင့်ရဲ့ မျက်လုံးနားမှာရှိတဲ့ အသားအရေနဲ့ မျက်လုံးတွေကို ကာကွယ်နိုင်ပါတယ်။

play

 

Trunkfit Blue Snapback ကြည့်ရန်။

နေလောင်ခံ စက်ပစ္စည်းများနှင့် UV မီးအိမ်သေးများ (လက်သည်းဆိုးဆေး အခြောက်ခံစက်များ) ဟာလည်း ခရမ်းလွန်ရောင်ခြည်သင့်စေတဲ့အတွက် အသုံးပြုရန်မသင့်ကြောင်း သိရပါတယ်။

play

Fancy Design Black Snapback ကြည့်ရန်။

ကလေးများ

ကလေးများကို နေရောင်ခြည်နဲ့ ထိတွေ့မှုမှာ သူတို့တွေရဲ့ နူးညံ့တဲ့ အသားအရေ မလောင်အောင် အထူးဂရုစိုက်ပေးဖို့လိုပါတယ်။ နေလောင်ဒဏ်ကာကွယ်တဲ့ အလှဆီတို့ကို သင်ရော၊ သင့်ကလေးအတွက်ပါ နေပူထဲ ထွက်ဖြစ်တဲ့ အချိန်တိုင်းမှာ ရွေးချယ်လိမ်းပေးတဲ့ အလေ့အထ ကျင့်သုံးသင့်ပါတယ်။

အသက် ၆ လ အောက်ကလေးတွေကိုလည်း နေရောင်ခြည်နဲ့ တိုက်ရိုက် မထိတွေ့အောင် ဦးထုပ်၊ အဝတ်အစားတို့ဖြင့် ဝတ်ဆင်ကာကွယ်ပေးပါ။ နေရောင်ကာကွယ်ပေးတဲ့ အလှဆီတို့ကိုလည်း အဝတ်အစားတွေနဲ့ မကာကွယ်နိုင်တဲ့ နေရာတွေအပေါ်မှာ လိမ်းပေးပါ။

play

 

Black Snapback ကြည့်ရန်။

ဗီတာမင် ဒီ

ဆရာဝန်တွေကတော့ ဗီတာမင်ဒီဟာ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။ ကင်ဆာဖြစ်ပွားမှုကိုလည်း လျော့နည်းစေတယ်လို့လည်း လေ့လာတွေ့ရှိပါတယ်။ သင့်အသားအရေဟာ နေရောင်နဲ့ ထိတွေ့တာနဲ့ ဗီတာမင်ဒီ ရရှိနေပါပြီ။ သင်ဟာ နေရောင်ခြည်ပမာဏ ဘယ်လောက်ပဲ လိုအပ်သလဲဆိုတာဟာ သင့်အသက်အရွယ်၊ အသားအရေအခြေအနေနဲ့ နေထိုင်ရာဒေသရဲ့ နေရောင်ပေါ်မှုတည်ပါတယ်။

လက်ရှိအချိန်မှာတော့ မည်မျှ ဗီတာမင်ဒီ ပမာဏ အများဆုံးလိုအပ်တယ်ဆိုတာကိုတော့ အတိကျ မတွက်ချက်နိုင်သေးတဲ့အတွက် လေ့လာနေကျဆဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဗီတာမင်ဒီအတွက် အစားအသောက်/ ဖြည့်စွက်အစာတွေကနေ စားသုံး ရယူတာက သင့်ကျန်းမာရေးအတွက် ပိုပြီး အထောက်အကူဖြစ်စေပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ