Lifestyle: အိပ်ခန်းအတွက် အသင့်လျော်ဆုံးအရောင် (၄) ခု

အမျိုးသားတွေအတွက် အမည်းရောင်ဘက်လိုက်တဲ့ မီးခိုးရောင်မျိုးက  အိပ်ခန်းတွက် သင့်လျော်ပါတယ်။

play

 

၁ - အဖြူနဲ့အလင်း

သန့်ရှင်းမှု၊ ကြည်လင်မှုနဲ့ တည်ငြိမ်မှုဆိုတဲ့ စိတ်ခံစားချက်တွေကို အဖြူနဲ့ အလင်း ပေါင်းစပ်ခြင်းကနေ ရရှိနိုင်ပါတယ်။ အိပ်ခန်းအတွက်ဆိုရင်တော့ တည်ငြိမ်မှုများများ ရရှိစေဖို့ အဖြူရောင်တောက်တောက်အစား မှိုင်းမှိုင်းသုတ်တာ ကောင်းပါတယ်။

၂ - မီးခိုးရောင်

play

 

နောက်ပိုင်းခေတ်စားလာတဲ့အရောင် ဖြစ်ပါတယ်။ အမျိုးသားတွေအတွက် အမည်းရောင်ဘက်လိုက်တဲ့ မီးခိုးရောင်မျိုးက  အိပ်ခန်းတွက် သင့်လျော်ပါတယ်။ အမျိုးသမီးတွေအတွက် ပန်းရောင်နဲ့ တွဲဖက်လို့ ရပါတယ်။

၃ - အပြာရောင်

play

 

အပြာရောင်ကတော့ အိပ်ခန်းတွေရဲ့ မရှိမဖြစ်အရောင်ဖြစ်ပါတယ်။ နံရံတွေကို မသုတ်ဘူးဆိုရင်တောင်မှ အိပ်ခန်းရဲ့ အခြားနေရာတွေမှာ အပြာင်ရောင် ပေါင်းစပ်ထည့်သွင်းသင့်ပါတယ်။ အပြာရောင်ဟာ ပတ်ဝန်းကျင်ကို သိမ်မွေ့တဲ့ ခံစားချက်မျိုးရစေပါတယ်။

၎ - အစိမ်းရောင်

play

 

အစိမ်းရောင်တောက်တောက်ကြီး မဟုတ်ပါဘူး။ အစိမ်းရောင်နဲ့ အခြားရောင်ရောထားတဲ့ အစိမ်းမှိုင်းမှိုင်း အရောင်မျိုးဖြစ်ပါတယ်။  အခန်းပြည့်မသုံးဘဲ တွဲစပ်အသုံးပြုသင့်တာ ဖြစ်ပါတယ်။

Photos & Source: Lifehack

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ