Lifestyle: ကလေးတွေကို ရိုက်တာက ကောင်းဖို့ထက် ဆိုးဖို့ပဲရှိ

ငါးနှစ်သားကတည်းက ရိုက်ခံရတဲ့ကလေးတွေဟာ စည်းမျဉ်းတွေကို ပိုပြီးတော့ ချိုးဖျက်လေ့ရှိသလို အနည်းငယ်ပိုပြီးတော့လည်း ရန်လိုလေ့ရှိကြပါတယ်။

play

 

ကလေးတွေကို ရိုက်တာဟာ ကောင်းမွန်တဲ့အပြုအမူ မဟုတ်ဘူးလို့ ယူဆထားကြပြီး နှစ်ငါးဆယ်ကြာပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုကလည်း  ဒီအယူအဆမှန်ကန်ကြောင်း အတည်ပြုလိုက်ပါတယ်။  ကလေးတွေကို ကြိမ်းမောင်းရိုက်နှက်လေလေ မိဘတွေကို ပြန်လည်ဖီဆန်လေဖြစ်တယ်လို့လည်း အဆိုပါသုတေသနက ဆိုပါတယ်။

play

 

ဒီလိုကလေးတွေမှာ  စိတ်တိုပေါက်ကွဲတတ်တာ၊ လူ့အဖွဲ့အစည်းကို ဆန့်ကျင်တဲ့အပြုအမူတွေလုပ်တာ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေပေါ်ပေါက်တာမျိုး ပိုဖြစ်လေ့ရှိတယ်လို့ သိရပါတယ်။ သုတေသနကို Michigan တက္ကသိုလ်နဲ့ Texas တက္ကသိုလ်က ပါမောက္ခတွေဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး နှစ်ပေါင်းငါးဆယ်အတွင်း ကလေးပေါင်း တစ်သိန်းခြောက်သောင်းကို လေ့လာထားတာ ဖြစ်ပါတယ်။

ငါးနှစ်သားကတည်းက ရိုက်ခံရတဲ့ကလေးတွေဟာ စည်းမျဉ်းတွေကို ပိုပြီးတော့ ချိုးဖျက်လေ့ရှိသလို အနည်းငယ်ပိုပြီးတော့လည်း ရန်လိုလေ့ရှိကြပါတယ်။

Photos & Source: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ