Lifestyle: ဂီတနားထောင်ခြင်းက ကလေးတွေရဲ့ မှတ်ဉာဏ်ကို ပိုမိုတိုးတက်စေ

ကလေးတွေကို ဂီတသီချင်းတွေဖွင့်ပေးထားချိန်မှာ ဦးနှောက်ကို Scan ဖတ်ပြီး စမ်းသပ်တာဖြစ်ပါတယ်။

play

 

ဂီတနဲ့ထိတွေ့ခြင်းဟာ ကလေးတွေရဲ့မှတ်ဉာဏ်ကို တိုးတက်စေတယ်လို့ လေ့လာချက်တစ်ခုက ဖော်ပြပါတယ်။

play

 

Daily Mail ရဲ့ဖော်ပြချက်အရ လေ့လာချက်ကို Washington  တက္ကသိုလ်က ပြုလုပ်ခဲ့တာဖြစ်ပြီး ဂီတနဲ့သက်ဆိုင်တဲ့ ကလေးငယ်လေးတွေရဲ့ ဦးနှောက်ပိုင်းနေရာတွေဟာ ပိုမိုထက်မြက်လာတယ်လို့ ဆိုပါတယ်။ ကလေးငယ်ပေါင်း ၃၉ ယောက်ကို လေ့လာခဲ့တာဖြစ်ပြီး ကိုးလသားကလေးတွေရဲ့  ဂီတနဲ့အဓိကသက်ဆိုင်တဲ့တဲ့ ဦးနှောက်ပိုင်းနေရာဟာ ပိုမိုတိုးတက်လာတယ်လို့ ဆိုပါတယ်။

play

 

ကလေးတွေကို ဂီတသီချင်းတွေဖွင့်ပေးထားချိန်မှာ ဦးနှောက်ကို Scan ဖတ်ပြီး စမ်းသပ်တာဖြစ်ပြီး ဂီတကို နားထောင်ထားတဲ့ကလေးတွေဟာ အသံဖွဲစည်းပုံတွေကို ပိုမိုနားလည်တုံ့ပြန်နိုင်ကြောင်းတွေ့ရှိခဲ့ပါတယ်။ ဒီလို မှတ်မိနိုင်မှုထက်မြက်တာဟာ ကလေးအတွက် ဘယ်လိုအကျိုးအမြတ်ဖြစ်စေလဲဆိုတာကိုတော့ တိတိကျကျ သက်သေအထောက်အထားတွေ မပြနိုင်သေးပါဘူး။

Photos & Source: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ