Lifestyle: စတိုင်ကျတဲ့ ယုန်ပေါက်လေးရဲ့ ဖက်ရှင်အလန်းတွေ

ဖက်ရှင်ကျပြီး စတိုင်လ်မိုက်လို့ အင်စတာဂရမ်မှာ စတားဖြစ်နေသူလေးလည်း ဖြစ်ပါတယ်။

play

 

PuiPui ဆိုတာ တိုကျိုက ယုန်လေးတစ်ကောင်ရဲ့အမည်ပါ။ သာမာန်ယုန်တစ်ကောင်တော့ မဟုတ်ပါဘူး။ ဖက်ရှင်ကျပြီး စတိုင်လ်မိုက်လို့ အင်စတာဂရမ်မှာ စတားဖြစ်နေသူလေးလည်း ဖြစ်ပါတယ်။

play
ရှားလော့ဟုမ်းရဲ့ဝတ်စုံနဲ့မြင်ရတဲ့ PuiPui

 

သူ့ရဲ့ပိုင်ရှင်က အဝတ်အစားဒီဇိုင်းစုံကို ဝတ်ဆင်ပေးလေ့ရှိပြီး PuiPui ရဲ့ ဖက်ရှင်ပုံရိပ်တွေဟာ အင်စတာဂရမ်ပေါ်ကို ရောက်လာလေ့ရှိပါတယ်။

play

 

" ကျွန်မရဲ့ယုန်လေးအတွက် အဝတ်အစားတွေအားလုံးကို ကျွန်မဖန်တီးပေးထားတာ" လို့ PuiPui ရဲ့ ပိုင်ရှင် Mumitan က ပြောပါတယ်။

play

 

ဒီယုန်လေးရဲ့ ကျော်ကြားမှုဟာ သြစတြေးလျအထိတောင် ရောက်ပါတယ်။ ဆစ်ဒနီမှာ ဖွင့်ထားတဲ့ ယုန်ကော်ဖီဆိုင်မှာတောင် PuiPui က ကြော်ငြာရိုက်ခဲ့တဲ့အထိပါပဲ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ