Lifestyle: အထူးဆန်းဆုံး လူသတ်လက်နက် (၇) ခု

အမျိုးသမီးရင်သားနဲ့ ဒေါက်ဖိနပ်တို့လည်းပါဝင်ပါတယ်။

play

 

၁။ လျှပ်စစ်ဂီတာ

တက္ကဆက်က လူတစ်ယောက်က သင်းအုပ်ဆရာတစ်ယောက်ကို လျှပ်စစ်ဂီတာနဲ့ မသေမချင်း ရိုက်သတ်ခဲ့ပါတယ်။

play

 

၂။ Xbox 360 ဂိမ်းစက်

ဖလော်ရီဒါမျွာ အမျိုးသမီးတစ်ဦးဟာ ရိုက်နှက်ပြီး အသတ်ခံရတာကို တွေ့ရှိခဲ့ရပါတယ်။ သတ်တဲ့သူက လူသတ်လက်နက်အဖြစ် Xbox 360 ကို သုံးသွားတာပါ။ ပိုထူးဆန်းတာက သူ အဲဒီအမျိုးသမီးကို သတ်တာ သူမက ပြိဿရာသီဖွားဖြစ်နေလို့ပါတဲ့။

play

 

၃။ ဒေါက်မြင့်ဖိနပ်

တက္ကဆက်ပြည်နယ်က အမျိုးသမီးတစ်ယောက်က တက္ကသိုလ်ပါမောက္ခတစ်ယောက်ကို သူမရဲ့ ဒေါက်မြင့်ဖိနပ်နဲ့ သတ်ခဲ့ပါတယ်။ ထိုလူရဲ့ ခေါင်းမှာ အပေါက်ရာ ၁၀ ခု၊ ခေါင်းနဲ့ လည်ပင်းမှာဆိုရင် အပေါက်ရာ ၁၅ ခုကျော် တွေ့ရှိရပါတယ်။

play

 

၎။ ဇွန်း

ဖလော်ရီဒါမှာ အကျဉ်းသားတစ်ဦးက ထောင်စောင့်ကို ဇွန်းနဲ့ သတ်ခဲ့တဲ့အမှုတစ်ခု ၁၉၈၀ ပြည့်နှစ်မှာ ဖြစ်ပွားခဲ့ပါတယ်။ အကျဉ်းသားက ဇွန်းကို ချွန်ထွက်နေအောင် သွေးပြီးမှ ထောင်စောင့်ရဲ့ ရင်ကို ထိုးသတ်ခဲ့တာပါ။

play

 

၅။ ဘောပင်

ဟူးမြို့က သဝန်တိုစိတ်ကြီးတဲ့ ကျောင်းသားတစ်ယောက်က သူ့ရဲ့ချစ်သူကို ဘောပင်နဲ့ ထိုးသတ်ခဲ့တာ ဖြစ်ပါတယ်။

play

 

၆။ လက်ဝါးကပ်တိုင်

အိုင်ယာလန်နိုင်ငံ၊ ဒူဘလင်းမြို့က ဆေးရောင်းတဲ့ မိန်းကလေးစ်ယောက်ဟာ အသက် ၈၁ နှစ်အရွယ် အဘိုးအိုတစ်ယောက်ကို လက်ဝါးကပ်တိုင်နဲ့ ရိုက်သတ်ခဲ့ပါတယ်။

play

 

၇။ ရင်သား

ဝါရှင်တန်က အမျိုးသမီးတစ်ဦးက ရည်းစားနဲ့ ရန်ဖြစ်ပြီး ရည်းစားကို ရင်သားနဲ့ဖိပြီး အသက်ရှူမွန်းကြပ် သေဆုံးအောင်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ