Lifestyle: သင့်သွားတွေကို သင်ကိုယ်တိုင် ဖျက်ဆီးမိနေတဲ့ အကြောင်းအရင်း (၇) ချက်

သွားကျန်းမာရေးကို ထိခိုက်စေပြီး အကျင့်လိုလုပ်မိနေတဲ့ ကိစ္စလေးတွေ ဖြစ်ပါတယ်။

play

 

၁ - အအေးသောက်ရင် ရေခဲဝါးတဲ့အကျင့်

အအေးသောက်ရင် ရေခဲဝါးတဲ့အကျင့်က သွားကျန်းမာရေးကို အလွန်ထိခိုက်စေပါတယ်။ သွားမျက်နှာပြင်မှာ အလွန်သေးငယ်တဲ့ အက်ရာလေးတွေဖြစ်စေပါတယ်။

၂ - သွားကို ကိရိယာလိုသုံးတာ

play

 

တစ်ခုခုဖွင့်မယ်၊ ဖြတ်မယ်ဆိုရင် သွားကို ကိရိယာလိုသုံးတဲ့ အကျင့်ကလည်း သွားကျန်းမာရေးကို ထိခိုက်စေပါတယ်။ သွားစောင်းတွေ ပွန်းပဲ့တာ၊ ကြွေတာတွေတောင် ဖြစ်နိုင်ပါတယ်။

၃ - လက်ဖက်ရည်နဲ့ကော်ဖီ

လက်ဖက်ရည်နဲ့ကော်ဖီဟာ ပါးစပ်ကိုခြောက်စေပြီး သွားပိုးစားမှုကို ပိုမိုဖြစ်ပေါ်စေပါတယ်။ လက်ဖက်ရည်နဲ့ကော်ဖီသောက်ပြီးတိုင်း ပလုတ်ကျင်းပေးသင့်ပါတယ်။

၎ - သွားတိုက်လွန်းတာ

play

 

သွားဟာ တစ်နေ့နှစ်ကြိမ်တိုက်ရင် လုံလောက်ပါတယ်။ အအေးသောက်ပြီးတိုင်း၊ တစ်ခုခုစားပြီးတိုင်း သွားတိုက်တာဟာ သွားကျန်းမာရေးကို ထိခိုက်စေပါတယ်။

၅ - သွားတိုက်တံ

play

 

အမွှေးကြမ်းတဲ့ သွားတိုက်တံမျိုး၊ အရေအသွေးနိမ့်လွန်းတဲ့ သွားတိုက်တံမျိုးတွေကို သုံးတာတွေဟာလည်း သွားကျန်းမာရေးကို ထိခိုက်ပါတယ်။ သွားတိုက်တံဟာ ကြမ်းတာကြောင့် သွားကို ဖုံးထားတဲ့ သွားဖုံးတွေကိုပါ တိုက်စားသွားတာ ဖြစ်ပါတယ်။

၆ - အသီးနဲ့ အစေ့

မာတဲ့အသီးအနှံတွေကို ကိုက်စားတာကလည်း သွားပျက်စီးစေတဲ့ အကြောင်းအရင်းဖြစ်ပါတယ်။ ဆီးသီးစေ့လိုအရာမျိုးကို ထွေးမထုတ်ဘဲ ပါးစပ်ထဲမှာ ဆော့နေတာကလည်း သွားထိခိုက်ပါတယ်။

Photos & Source:Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ