Lifestyle: အလုပ်ချိန်နဲ့ သင့်နှလုံးကျန်းမာရေး ဘယ်လို ဆက်စပ်နေလဲ

လူပေါင်း ၁၈၉၀၀၀ ကျော်ဆီက အချက်အလက်တွေ ရယူလေ့လာခဲ့တာ ဖြစ်ပါတယ်။

play

 

သင်လုပ်ရတဲ့အလုပ်ချိန်နဲ့ သင့်နှလုံးကျန်းမာရေးဟာ ဆက်စပ်မှုရှိနေပြီး ညဆိုင်း အလုပ်လုပ်ရတဲ့လူတွေဟာ နှလုံးရောဂါဖြစ်နိုင်ခြေ ပိုမိုမြင့်မားတယ်လို့ သိရပါတယ်။

Huffington ရဲ့ဖော်ပြချက်အရ ဟားဗတ်တက္ကသိုလ် ဆေးပညာကျောင်းနဲ့ အခြားအဖွဲ့အစည်းတွေပူးပေါင်းပြီး လေ့လာမှုတစ်ခုပြုလုပ်ခဲ့ရာမှာ အခုလို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ တစ်လမှာ ညဘက်သုံးကြိမ် အလုပ်လုပ်ရတဲ့လူဟာ နောင်လာမယ့် နှစ်ပေါင်း ၂၄ နှစ်အတွင်း နေ့အချိန်အလုပ်လုပ်သူတွေထက် နှလုံးရောဂါဖြစ်နိုင်ခြေ ပိုမိုမြင့်မားတယ်လို့ သိရပါတယ်။

play

 

အဆိုပါသုတေသနဟာ လူပေါင်း ၁၈၉၀၀၀ ကျော်ဆီက အချက်အလက်တွေ ရယူလေ့လာခဲ့တာဖြစ်ပြီး ပါဝင်သူ လေးဆယ်ရာခိုင်နှုန်းခန့်ဟာ သူနာပြုတွေ ဖြစ်တယ်လို့ သိရပါတယ်။ သူတို့ရဲ့အလုပ်ချိန်နဲ့ ကျန်းမာရေးအချက်အလက်တွေကို မေးမြန်ရယူထားပြီး လေ့လာခဲ့တာ ဖြစ်ပါတယ်။

Photos & Source:Huffington

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ