AD
AD
AD
play

 

မြန်မာနိုင်ငံမှာလတ်တလော ကြုံတွေ့နေရတဲ့ အယ်လ်နီညိုရာသီဥတုကြောင့် တစ်နိုင်ငံလုံး အပူချိန်လွန်ကဲတဲ့ဒဏ်ကို ခံစားနေရပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ အပူဒဏ်ကို ဆိုးဆိုးရွားရွားခံစားခဲ့ရပါတယ်။ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေရဲ့ မြို့အချို့မှာ စံချိန်တင် အပူဒဏ်ကို ခံစားခဲ့ရပါတယ်။

ဒီအပူဒဏ်တွေကို ပြည်သူထဲက ပြည်သူတွေဖြစ်တဲ့ တိုင်းကျိုးပြည်ပြုလွှတ်တော်အမတ်တွေလည်းရှောင်လို့ မလွတ်ခဲ့ပါဘူး။ နေပြည်တော် စည်ပင်ရိပ်သာမှာ နေထိုင်ကြတဲ့ လွှတ်တော်အမတ်တွေလည်း အယ်လ်နီညိုရာသီဥတု ဒဏ်ကို အပြင်းအထန်ခံစားခဲ့ရတယ်လို့ဆိုရမှာပါ။

play

 

ဧပြီလ ၂၈ ရက်နေ့ ညပိုင်းက နေပြည်တော် စည်ပင်ရိပ်သာမှာ နေထိုင်တဲ့ လွှတ်တော်အမတ်တွေ စည်ပင်ရိပ်သာ အခန်းတွေထဲမှာ မနေနိုင်တော့လို့ ပုံစံအမျိုးမျိုးနဲ့ အပူဒဏ်ကို ရှောင်ရှားပြီး အိပ်စက်ဖို့ ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။

လွှတ်တော်အမတ်တချို့ကတော့ စည်ပင်ရိပ်သာထဲက မြက်ခင်းပြင်ပေါ် ကုလားထိုင်လေးလုံးနဲ့ လေးတိုင်စင်လုပ်ပြီး အိပ်စက်ဖို့ ပြင်ဆင်ခဲ့တာတွေ့ရပါတယ်။ တစ်ချို့တွေကတော့ စည်ပင်ရိပ်သာ အခန်းအရှေ့ဘက်လျှောက်လမ်းတွေမှာ ကုတင်တွေထုတ်ပြီး အိပ်စက်ဖို့ ပြင်ဆင်ခဲ့တာကို တွေ့ရပါတယ်။

play

 

မိုးဇလဦးစီးဌာနကတော့ လာမယ့်မေလကုန်အထိ မြန်မာနိုင်ငံက အယ်လ်နီညိုရာသီဥတုရဲ့ ဒဏ်ကို ခံစားနေရဦးမှာဖြစ်လို့ အပူချိန်တွေ ဆက်လက်မြင့်မားနေဦးမယ်လို့ ထုတ်ပြန်ထားပါတယ်။

Photos : Mizziama

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD