Lifestyle: လက်သည်းကိုက်တဲ့ အကျင့်ကို ဘယ်လိုဖျောက်မလဲ

လက်သည်းဆေးဆိုးရုံသက်သက်မဟုတ်ဘဲ အပွင့်လေးတွေ၊ ဒီဇိုင်းလေးတွေဖော်တာမျိုး အမြဲလုပ်သင့်ပါတယ်။

play

 

၁ - အတိုဆုံးညှပ်

လက်သည်းညှပ်တဲ့အခါ လက်သည်းတွေကို အရှည်ချန်ထားပြီး မညှပ်ပါနဲ့။ တတ်နိုင်သမျှ တိုအောင်ညှပ်ပါ။ ကိုက်စရာမရှိလေ သင့်အတွက် အဆင်ပြေလေဖြစ်ပါတယ်။

၂ - လက်သည်းညှပ်ဆောင်

play

 

ပြန်ရှည်လာမှာကို စိုးရိမ်တယ်ဆိုရင်တော့ လက်သည်းညှပ်ဆောင်ထားပါ။ လက်သည်းညှပ်ဆောင်တဲ့အခါမှာလည်း ဈေးကြီးတဲ့ လက်သည်းညှပ်ကိရိယာတွေကို အစုံလိုက်သာ ဆောင်ထားသင့်ပါတယ်။ ပိုက်ဆံတွေအများကြီး သုံးထားတာကြောင့် တကယ်ညှပ်ဖြစ်ဖို့ အမြဲစဉ်းစားပါတယ်။

၃ - အမြဲသ

လက်သည်းကို လှပအောင် အမြဲပြင်ဆင်ပါ။ လက်သည်းဆေးဆိုးရုံသက်သက်မဟုတ်ဘဲ အပွင့်လေးတွေ၊ ဒီဇိုင်းလေးတွေဖော်တာမျိုး အမြဲလုပ်ထားပါ။ လက်သည်း ကိုက်ချင်စိတ်ပေါက်လာရင် လက်သည်းလေးတွေ လှနေတာက အဟန့်အတားဖြစ်လာပါလိမ့်မယ်။

play

 

၎ - အစားထိုး

စိတ်လှုပ်ရှားတဲ့အခါမှာ လက်သည်းကို ပိုကိုက်လေ့ရှိကြပါတယ်။ ဒါကြောင့် စိတ်လှုပ်ရှားလာတဲ့အခါ အာရုံကို တခြားတစ်နေရာဆီ ပို့သင့်ပါတယ်။ ဘောပင်ကိုလက်ထဲမှာ ဆုပ်ထားတာမျိုး၊ တစ်ခုခု ကိုင်လိုက်တာမျိုးက အဆင်ပြေပါတယ်။ အရေးကြီးဆုံးကတော့ လက်သည်းနဲ့ ပါးစပ်ကို ဝေးဝေးထားဖို့ပါပဲ။

Photos & Source: Huffington

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ