Lifestyle: ရေစိမ်ရင်းစားလို့ရမယ့် သစ်သီးရေပူစမ်း

သစ်သီးတွေနဲ့ ရေစိမ်ခြင်းက အရေပြားရဲ့ လုပ်ငန်းတွေကို တိုးတက်ကောင်းမွန်စေပြီး အသားကို ဖြူဝင်းချောမွတ်စေတယ်လို့လည်း ဆိုပါတယ်။

play

 

တရုတ်နိုင်ငံအလယ်ပိုင်းမှာ သစ်သီးရေပူစမ်းတစ်ခု ဖွင့်လှစ်ထားပါတယ်။ သစ်သီးတွေ စိမ်ထားတဲ့ ရေပူစမ်းမှာ အနားယူရင်း စိမ်ထားတဲ့အသီးတွေကိုလည်း စိတ်ကြိုက်သုံးဆောင်နိုင်မှာပါ။

play

play

 

ဒီရေပူစမ်းဟာ ဟီးနန်ပြည်နယ်က အပန်းဖြေစခန်းတစ်ခုမှာ တည်ရှိပါတယ်။ သစ်သီးတွေနဲ့ ရေစိမ်ခြင်းက အရေပြားရဲ့ လုပ်ငန်းတွေကို တိုးတက်ကောင်းမွန်စေပြီး အသားကို ဖြူဝင်းချောမွတ်စေတယ်လို့လည်း ဆိုပါတယ်။

play

 

အဆိုပါ သစ်သီးရေပူစမ်းမှာတော့ ပန်းသီး၊ လှီးဖြတ်ထားတဲ့ သခွားသီး၊ လိမ္မော်သီးတွေကို ရေနွေးထဲမှာ ထည့်ပေးရုံပါပဲ။ ဒါပေမဲ့ လူရောက်သူတွေတော့ မနည်းပါဘူး။ သစ်သီးတွေနဲ့အတူ ရေပူစိမ်ရင်း ပျော်ရွှင်စွာ အပန်းဖြေနေကြတာကို တွေ့ရပါတယ်။

Source : China Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ