Lifestyle: ချစ်ခင်သူတွေ ဝိုင်းနေပေမဲ့ ရည်းစားမထားချင်သူတွေရဲ့ အကြောင်းပြချက် (၇) ခု

, updated

မလိုချင်လို့ကို မရတာပါ။

play

 

ရတာမလို၊ လိုတာမရလို့ အပျိုကြီး ဖြစ်နေကြတာလို့ လူတွေက လှောင်ကြပေမဲ့ ဆွဲဆောင်မှုရှိသူဖြစ်ပြီး ရည်းစားမထား၊ အိမ်ထောင်မပြုသူ အများစုက အချစ်ရေးကို စိတ်မဝင်စားကြလို့ ဖြစ်ပါတယ်။ သူတို့ရဲ့ အကြောင်းပြချက်တွေကတော့...

၁။ ကိုယ်နဲ့ ထိုက်တန်တဲ့သူကို စောင့်နေတာ

ကိုယ့်ကိုယ်ကို ပြည့်စုံကောင်းမွန်သူဖြစ်မှန်းသိတယ်။ အဲဒါကြောင့် တွေ့ကရာလူနဲ့ မတွဲချင်ဘူး။ ကိုယ့်ရင်ကို တကယ်လှုပ်ခတ်စေသူ၊ ကိုယ့်ကို တကယ်နားလည်ပေးနိုင်သူကို တွေ့တဲ့အထိ စောင့်ချင်တယ်။

၂။ ကိုယ့်ရဲ့ရပ်တည်မှုအတွက် ယောက်ျားတစ်ယောက်ကို မလိုအပ်ဘူး

မောင်တစ်ကျိပ်ပင် ရှိလင့်ကစား ခင်ပွန်းမရှိတဲ့ မိန်းမက မတင့်တယ်ဘူးဆိုတဲ့စကားကို အင်မတန် ခါးသီးမုန်းတီးသူပါ။ တင့်တယ်စေဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့၊ လိုအပ်ချက်တစ်ခုအတွက်နဲ့ ရည်းစားထားဖို့၊ ယောက်ျားယူဖို့ မစဉ်းစားဘူး။

play

 

၃။ ကိုယ်ပိုင်ဘဝတစ်ခု ဖန်တီးဖို့ အချိန်မပေးနိုင်လောက်အောင် အလုပ်များလွန်းသူ

တစ်နေ့တစ်နေ့ အလုပ်နဲ့ အိမ်ကလွဲပြီး ဘယ်မှမသွားနိုင်လောက်အောင် အလုပ်များသူတွေပါ။ အိပ်ချိန်တောင် အလုပ်ကိစ္စကို ခေါင်းထဲ ထည့်ထားရတယ်။ ရည်မှန်းချက်တွေကလည်း အများကြီးရှိနေတယ်။ ချစ်သူရည်းစားထားဖို့ တွေးတောင် မတွေးကြည့်ဖြစ်ကြဘူး။

၎။ သူငယ်ချင်းကောင်းတွေ ရှိတယ်

ရည်းစားရပြီဆိုတာနဲ့ သူငယ်ချင်းတွေနဲ့ တွေ့ချိန်က တစ်ဝက်မက နည်းသွားနိုင်တယ်။ ချစ်သူရှိတာ ကောင်းပေမဲ့ သူငယ်ချင်းတွေ ကောင်းတာမျိုးနဲ့တော့ မတူဘူးလေ။

play

 

၅။ သစ္စာရှိတဲ့ ယောက်ျား ရှားသွားပြီ

တစ်ယောက်ဆို တစ်ယောက်ဆိုတဲ့ လူမျိုး ဒီနေ့ခေတ်မှာ ရှာလို့ မတွေ့နိုင်တော့။ ရည်းစားများခဲ့တာ ခွင့်လွှတ်နိုင်သည်ထားဦး။ ကိုယ်နဲ့ ချစ်ကြိုက်နေချိန်မှာတောင် စိတ်ချလက်ချ လွှတ်ထားလို့ရတဲ့ခေတ် မဟုတ်ဘူး။

၆။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိလွန်းတဲ့အတွက် အနားကပ်ရဲသူ နည်းတယ်

အရမ်းဘဝင်မြင့်တဲ့ယောက်ျားတွေတောင် အဲဒီလို မိန်းကလေးမျိုးအနားကို မချဉ်းကပ်ခင်မှာ အငြင်းပယ်ခံရနိုင်တယ်လို့ စဉ်းစားထားကြပါတယ်။

play

 

၇။ တစ်ကိုယ်တည်းနေရတဲ့ဘဝကို အရမ်းသဘောကျတယ်

တစ်ယောက်တည်းနေရတဲ့ဘဝကို ပြည့်စုံတယ်လို့ ထင်ချိန်မှာ လူတစ်ယောက်ကို ဘယ်သူက ကိုယ့်ဘဝထဲ ဆွဲထည့်ချင်မှာလဲ။ ရည်းစားလိုချင်ကောင်း လိုချင်ပေမဲ့ ရည်းစားအတွက် ကိုယ့်ရဲ့ နေထိုင်မှုပုံစံ ပြောင်းလဲရမှာကို ကြောက်တယ်။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ