Lifestyle: သူငယ်ချင်းအပေါ် အရမ်းခင်တွယ်နေမှန်း သိနိုင်တဲ့အချက် (၅)ချက်

သူရည်းစားရသွားလို့ ကိုယ့်ကိုမချစ်တော့မှာ၊ အချိန်မပေးတော့မှာ၊ ဂရုမစိုက်တော့မှာကို တွေးကြောက်နေတာပါ။

play

 

အချစ်ဆုံးသူငယ်ချင်းရှိတယ်ဆိုတာ ကောင်းတဲ့အချက်ပါ။ ဒါပေမယ့် လူဆိုတာ ဘ၀မှာ ကိုယ့်ကိုယ်ကိုယ်အားကိုးပြီး ကိုယ်လမ်းကိုယ်လျှောက်ရတဲ့အချိန်ဆိုတာ ရှိပါတယ်။ ကိုယ်က ကိုယ့်သူငယ်ချင်းကို အတိုင်းအတာတစ်ခုထက် အများကြီးပိုခင်တွယ်နေမိရင်တော့ သိပ်မကောင်းပါဘူး။

၁။ အဲ့ဒီ့သူငယ်ချင်းတစ်ယောက်တည်းနဲ့တင် အားလုံးပြည့်စုံတယ်

အဲ့ဒါမမှန်ပါဘူး။ ဘယ်လောက်ခင်ခင်၊ ဘယ်လောက်ချစ်ချစ်၊ လူတစ်ယောက်တည်းက ကိုယ့်လိုအပ်ချက်တွေအားလုံးကို ဘယ်တော့မှမဖြည့်ဆည်းပေးနိုင်ပါဘူး။ အဲ့လိုထင်နေမိပြီဆိုရင်တော့ သင်က သင့်သူငယ်ချင်းကို အရမ်းကြီးအားကိုးနေမိပါပြီ။

play

 

၂။ သူချစ်သူရည်းစားရသွားမှာကို မခံစားနိုင်ဘူး

ဒါကတော့ တော်တော်များများဖြစ်လေ့ဖြစ်ထရှိပါတယ်။ သူငယ်ချင်းကို သ၀န်တိုတာပါ။ သူရည်းစားရသွားလို့ ကိုယ့်ကိုမချစ်တော့မှာ၊ အချိန်မပေးတော့မှာ၊ ဂရုမစိုက်တော့မှာကို တွေးကြောက်နေတာပါ။ တကယ်တော့ ရင့်ကျက်သင့်ပါတယ်။

၃။ ကိုယ့်စိတ်ခံစားချက်တိုင်း သူ့ကိုပြောပြလိုက်ရမှ

ကိုယ့်စိတ်ထဲမှာဘာဖြစ်နေဖြစ်နေ သူသိဖို့လိုတယ်လို့ထင်နေတယ်။ အဲ့ဒါလုံးဝမဖြစ်သင့်ပါဘူး။ ကိုယ့်စိတ်ခံစားချက်ကို သူသိတိုင်း သူ့အတွက်ရော ကိုယ့်အတွက်ပါ အကျိုးမရှိနိုင်ပါဘူး။

play

 

၎။ တခြားသူငယ်ချင်းအသစ်တွေရှာမှာကြောက်တယ်

ဒါလည်းဖြစ်တတ်ပါတယ်။ ကိုယ့်ကိုပဲခင်၊ ကိုယ်နဲ့ပဲသွား၊ ကိုယ်နဲ့ပဲလာ၊ တကိုယ်ကောင်းဆန်ချင်တာပါ။

၅။ ကိုယ့်အတွက်ဆုံးဖြတ်ချက်ကြီးကြီးမားမားတွေပါ သူ့ကိုချခိုင်းတယ်

လူဆိုတာ ကိုယ့်ဆုံးဖြတ်ချက် ကိုယ့်ဘာသာချနိုင်တာ အကောင်းဆုံးပါ။ တိုင်ပင်ဆွေးနွေးတာတောင် အတိုင်းအတာရှိပါတယ်ဆိုမှ ဆုံးဖြတ်ချက်ပါချခိုင်းတဲ့အခါမှာ သူကလည်း နောက်ဆို ကိုယ့်ကိစ္စတိုင်းကို ပါသင့်သင့် မပါသင့်သင့် ပါလာပြီး ပြဿနာတွေပိုရှုပ်လာနိုင်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ