Lifestyle: တိုက်ခန်းထဲမှာ ဟင်းသီးဟင်းရွက် စိုက်လို့ရမယ့် ကိရိယာ

, updated

အလင်း၊ အပူချိန်၊ ရေရရှိမှုနဲ့ လိုအပ်တဲ့ အာဟာရဓာတ်တွေကိုစောင့်ကြည့်ဖို့ ဖုန်းမှာအပ်ပလီကေးရှင်းတစ်ခုတပ်ရမှာဖြစ်ပါတယ်။

play

 

မြို့ပြက လူအများစုအတွက် တိုက်ခန်းကျဉ်းကျဉ်းလေးထဲမှာ နေရပြီး ဟင်းသီးဟင်းရွက်တွေစိုက်ပျိုးပြီး စိမ်းစိမ်းစိုစိုနေဖို့ ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုလိုပြောလို့ရပါတယ်။ ဒါပေမဲ့ ဂျပန်ကုမ္ပဏီတစ်ခုက ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းပညာတစ်ခုကို မိတ်ဆက်ပြသလိုက်ပါတယ်။

play

 

Foop လို့ခေါ်တဲ့ စိုက်ပျိုးခင်း သေတ္တာလေးဖြစ်ပြီး ဒီထဲမှာ အရွက်တွေကို စိုက်ပျိုးလို့ရပါတယ်။ ဂျပန်ကုမ္ပဏီ C’estec ကတီထွင်တာဖြစ်ပြီး ဆပ်လပ်ရွက်၊ နံနံပင်၊ပင်စိမ်းနဲ့ အခြားအရွယ်အစားမကြီးမားတဲ့ အရွက်ကို စိုက်ပျိုးလို့ရတယ်လို့ သိရပါတယ်။ တိုက်ခန်းနေထိုင်သူတွေအတွက် အထူးသင့်လျော်ပြီး အလင်း၊အပူချိန်၊ရေရရှိမှုနဲ့ လိုအပ်တဲ့အဟာရဓာတ်တွေကိုစောင့်ကြည့်ဖို့ ဖုန်းမှာအပ်ပလီကေးရှင်းတစ်ခုတပ်ရမှာဖြစ်ပါတယ်။

play

 

 ခူးလို့ရတဲ့အချိန်အပါအဝင် အပင်တွေရဲ့အခြေအနေကို notificationပို့ကာ စိုက်ပျိုးသူကို သတိပေးမှာဖြစ်ပါတယ်။ ရောင်းဈေးကတော့ ဒေါ်လာ ၃၆၀ ဖြစ်ပြီး အကန့်အသတ်နဲ့ အခု ၁၀၀ ပဲ ထုတ်လုပ်မှာဖြစ်ပါတယ်။

play

 

Photos & Source: RocketNews 24

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ