AD
AD
AD
play

 

၁ - ကြောင်တစ်ကောင်ပိုင်ခြင်းဟာ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။ ကြောင်တစ်ကောင်ပိုင်ခြင်းကြောင့် စိတ်ဖိစီးမှုလျော့ကျတာတွေ၊ အဖော်ရှိသလိုခံစားရတာတွေ၊ ကြောင်နဲ့အတူနေထိုင်ကစားရတာတွေ ဖြစ်ပေါ်လာပြီး ဒီအချက်တွေဟာ ကိုယ်ခံအားစနစ်ကို ပိုမိုကောင်းမွန်လာဖို့ အထောက်အကူဖြစ်ပါတယ်။

play

 

၂ - Minnesota တက္ကသိုလ်ကပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုမှာ ကြောင်မပိုင်ဆိုင်တဲ့ လူတွေဟာ ကြောင်ပိုင်တဲ့လူတွေထက် နှလုံးသွေးကြောနဲ့ပတ်သက်တဲ့ရောဂါ ဖြစ်နိုင်ခြေ ၃၀ ရာခိုင်နှုန်းလောက်ပိုများတယ်လို့ တွေ့ရှိထားပါတယ်။

၃ - ကြောင်နဲ့အတူနေထိုင်ကြီးပြင်းရတဲ့ ကလေးတွေဟာ တစ်ဖက်သားပေါ် ပိုမိုကိုယ်ချင်းစာနိုင်ပြီး လူမှုဆက်ဆံရေးကောင်းမွန်ပါတယ်။

play

 

၎ - နယူးယောက်ပြည်နယ်တက္ကသိုလ်ရဲ့လေ့လာချက်တစ်ခုမှာ ကြောင်ပိုင်သူတွေဟာ မပိုင်သူတွေနဲ့နှိုင်းယှဉ်ရင် သွေးတိုးဖြစ်ပွားမှု ပိုမို နည်းပါးပါတယ်။

၅ - ကြောင်တစ်ကောင်နဲ့ နေထိုင်ခြင်းဟာ စိတ်ဖိစီးမှုနဲ့ စိုးရိမ်မှုတွေကိုလည်း လျော့ကျစေပါတယ်။ ကြောင်တစ်ကောင်နဲ့ ပွတ်သပ်ကစားနေရတဲ့အချိန်မှာ စိုးရိမ်မှုတွေပျောက်သွားပြီး လတ်ဆတ်တဲ့စိတ်မျိုးတွေ ပြန်လည်ရရှိစေပါတယ်။

play

 

၆ - အပြိုင်အဆိုင်များများနဲ့ တစ်သီးပုဂ္ဂလကို ဦးစားပေးလာတဲ့ယနေ့ခေတ်လူ့အဖွဲ့အစည်းမှာ ကြောင်တစ်ကောင်ပိုင်တာဟာ အထီးကျန်မှုကိုလည်း ပြေပျောက်စေပါတယ်။

Photos & Source: Lifehack

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle

AD