Lifestyle: ညမီးရောင်တွေနဲ့ လင်းလက်နေတဲ့ မြို့ကြီးများ

လေယာဉ်ပေါ်ကနေ ရိုက်ကူးခဲ့တဲ့ ပုံတွေဟာ တကယ့်ကို မင်သက်အံ့သြစရာ ကောင်းလွန်းလှပါတယ်။

play

 

ကပ္ပတိန် ဂျွန်ဘိုးလက်စ်ဟာ အသက် ၅၅ နှစ်အရွယ် လေယာဉ်မှူးတစ်ဦးပါ။ လေယာဉ်မှူးသက်တမ်း ၃၆ နှစ်ကြာတဲ့ လုပ်သက်ရင့် လေယာဉ်မှူးဖြစ်တာနဲ့အညီ ကမ္ဘာပေါ်က နေရာအနှံ့ကိုလည်း ခရီးနှင်ခဲ့ရပါတယ်။

လွန်ခဲ့တဲ့ ငါးနှစ်အတွင်း ကမ္ဘာတစ်လွှားကို လေကြောင်းနဲ့ ခရီးနှင်ခဲ့ရစဉ် ဓာတ်ပုံတွေလည်း ရိုက်ကူးဖြစ်ပါတယ်။ ခေတ်မီတိုးတက်နေတဲ့ မြို့တော်ကြီးတွေရဲ့ ညအလှကို လေယာဉ်ပေါ်ကနေ ရိုက်ကူးခဲ့တဲ့ ပုံတွေဟာ တကယ့်ကို မင်သက်အံ့သြစရာ ကောင်းလွန်းလှပါတယ်။ ညမီးရောင်တွေ ထိန်ထိန်ညီးနေတဲ့ မြို့တော်ကြီးတွေရဲ့ ပုံရိပ်တွေကိုလည်း သူက ပြန်လည်ဖြန့်ဝေခဲ့ပါတယ်။

play

 

ကာတာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်နေတဲ့ West Bay

play

 

အရှေ့အလယ်ပိုင်း မြို့တော်တွေထဲက နာမည်ကျော်မြို့တော် ကူကိတ်ဟာ လိမ္မော်ရောင်လင်းလက်တဲ့ညကို ပိုင်ဆိုင်ထားပါတယ်

play

 

ထိုင်းနိုင်ငံရဲ့မြို့တော် ဘန်ကောက်လည်း တိုးတက်ခတ်မီနေတဲ့မြို့ပါပဲ

play

 

နယူးယောက်ခ်

play

 

ဒူဘိုင်းရဲ့ ညအလှပုံရိပ်မှာ ထန်းလက်ပုံကျွန်းစုတွေကိုပါ ထည့်သွင်းရိုက်ကူးဖြစ်ခဲ့ပါတယ်။

play

 

ကာတာနိုင်ငံ၊ ဒိုဟာမြို့ Hamad နိုင်ငံတကာလေဆိပ်

play

 

ဟန်ဂေရီနိုင်ငံက ဘူတာပက်စ်မြို့လေးဟာ ပင့်ကူအိမ်လိုပဲ လင်းလက်ဖြန့်ကျက်ထားပြန်ပါတယ်။

play

 

တောင်တွေနဲ့ ညမီးရောင်ကို ပေါင်းစပ်ထားတဲ့ အီရန်ရဲ့ ဆန်ဒါနက်မြို့ရဲ့အလှပ မျက်စိအေးစရာလေးပါ။

play

 

ဓာတ်ပုံတွေကို ရိုက်ကူးခဲ့သူ ကပ္ပတိန် ဂျွန်ဘိုးလက်စ်က ယူကေနိုင်ငံသားပါ။ အသက် ၅၅ နှစ်ရှိပါပြီ။

play

 

ဂျပန်ရဲ့မြို့တော် တိုကျို

play

 

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့

play

 

ဘျူနိုအေးရိစ်ရဲ့ အလှအပက ရင်သပ်ရှုမောဖွယ် ကောင်းလွန်းပါတယ်။

play

 

တရုတ်နိုင်ငံ နန်နင်းပြည်နယ်ကို ဓာတ်ပုံရိုက်တော့ တိမ်တွေနဲ့ဖုံးနေခဲ့ပါတယ်။ တကယ်တမ်း လေယာဉ်ဆင်းတော့မယ်ဆိုမှ မြင်လိုက်ရတာက မြေပြင်မှာ မီးတွေထိန်နေတာပါပဲတဲ့။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ