ရာသီဥတုက ပူပြင်းဆိုးရွားနေတဲ့အပြင် ရေပြတ်လပ်မှုတွေနဲ့ကြုံတွေ့နေရတာဟာ အားလုံးအတွက် သိပ်မကောင်းလှပါဘူး။ နေ့စဉ်လုပ်ဆောင်မှုတွေအတွက် လူတစ်ဦးဟာ ပျမ်းမျှအားဖြင့် ရေသန့်လီတာပေါင်း ၂၀ - ၅၀ ကြား အသုံးပြုနေရပါတယ်။ သန့်ရှင်းတဲ့ ရေဆိုတာ ဘယ်အချိန်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် လူသားတွေအတွက် မရှိမဖြစ်လိုအပ်လှပါတယ်။

play

SONHA (အိမ်သုံးရေသန့်စင်စက်) ကြည့်ရန်။

အထူးသဖြင့် အခုလို ပူပြင်းတဲ့နွေရာသီမျိုးမှာဆိုရင် ရေရှားပါးမှုတွေကြုံတွေ့နေရပြီး သန့်ရှင်းတဲ့ရေကို ပိုလို့တောင် လိုအပ်နေပါတယ်။

မြန်မာနိုင်ငံက နေရာအများစုမှာဆိုရင် သန့်ရှင်းတဲ့ သောက်သုံးရေအတွက် ရေသန့်ဘူးတွေကို အိမ်အရောက်ပို့စနစ်နဲ့ ဝယ်ပြီး မှာယူလေ့ရှိပါတယ်။

play

SONHA (အိမ်သုံးရေသန့်စင်စက်) ကြည့်ရန်။

အဲဒီလိုမှာယူတဲ့အခါမျိုးမှာဆိုရင်လည်း အထပ်မြင့်မှာနေတဲ့သူတွေအတွက် ရေဘူးးထမ်းပို့ရတဲ့ ထပ်ဆောင်းအခကြေးငွေအပြင် တစ်ခါတစ်ရံ ရေမှာယူသူတွေများပြားနေတာကြောင့် မိမိမှာယူတဲ့အချိန်မှာ ရောက်မလာတာမျိုးတွေလည်း ဖြစ်တတ်ပါသေးတယ်။

ဒီလိုအဖြစ်မျိုးတွေနဲ့ မကြုံရအောင် Kaymu ကနေ အခုအခါမှာတော့ အိမ်မှာပဲလွယ်လွယ်ကူကူ သောက်ရေသန့်သန့်လေးကို ကိုယ်တိုင်သောက်သုံးလို့ရမယ့် ရေသန့်စက်ပစ္စည်းတွေကို စာဖတ်ပရိသတ်အတွက် မိတ်ဆက်ပေးလိုက်ပါတယ်။

SONHA ရေသန့်စင်စက်များ

SONHA ရေသန့်စင်စက်ကိုသုံးစွဲခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများကတော့ လူကြီးမင်းတို့၏ တနေ့တာအတွက်လိုအပ်တဲ့ ကျန်းမာရေးအတွက် ညီညွှတ်မျှတပြီး ပိုးမွှားကင်းစင်တဲ့ သောက်ရေသန့်ကို  အဆင်သင့်လျင်မြန်စွာသောက်သုံးနိုင်မှာဖြစ်ပါတယ်။

အိမ်ရှင်မများအနေနဲ့ မီးဖိုချောင်တွင်း အထွေထွေအသုံးပြုနိုင်ခြင်း၊ အသီးအနှံများဆေးကြော ချက်ပြုတ်ရာတွင် ဖောဖောသီသီအသုံးပြုနိုင်မှာဖြစ်သလို၊ ကုမ္ပဏီများ၊ ကျောင်းများ၊ ဆေးရုံများ အစရှိတဲ့ လူအများအပြား သောက်သုံးရန်အတွက်ထားရှိရာတွင် အဆင်ပြေပါတယ်။

တဖက်မှာလည်း လစဉ်ရေသန့်သုံးစွဲမှုစရိတ်များကို လျော့ချနိုင်ပြီပေါ့။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video