AD
AD
AD
play

 

ခရီးသွားကြတဲ့အခါ စေ့စပ်သေချာသူတွေကတော့ ဟိုမှာ လိုအပ်မယ့် ပစ္စည်းတွေကို ဂရုတစိုက်နဲ့ ထည့်သွင်းတတ်ကြပါတယ်။ ဒါပေမဲ့ လိုအပ်မယ်ထင်ပြီး ထည့်လာတဲ့ ပစ္စည်းအချို့ဟာ အသုံးမဝင်ဘဲ သယ်လာရတာ  အဖတ်တင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

အထူးသဖြင့် ကမ်းခြေလို နေရာမျိုးကို ခရီးသွားရင် ဘယ်တော့ မှ ထည့်မသွားသင့်တဲ့ ပစ္စည်း (၇) မျိုး ရှိပါတယ်။

၁။ စာအုပ်ထူထူ

play

 

ဟိုမှာ ဖတ်မယ်ဆိုတဲ့ စိတ်ကူးနဲ့ စာအုပ် ထူထူကြီးတွေ သယ်လာရင် အလကားဖြစ်တတ်ပါတယ်။ စာအုပ်ဖတ်ချင်တယ်ဆို စာအုပ်ပါးပါးပဲ သယ်လာခဲ့ပါ။

၂။ ဆံပင်လေမှုတ်စက်

play

 

လိုမယ်လို့ ထင်ပြီး ယူသွားကာမှ ဆံပင်လေမှုတ်စက်တွေက အမြဲပဲ အပိုဖြစ်နေတတ်ပါတယ်။ ဟိုတယ်တွေမှာ ဆံပင်လေမှုတ်စက် ထားပေးထားတာ မမေ့ပါနဲ့။

၃။ တစ်ခါတစ်ရံမှ သုံးတဲ့ပစ္စည်းတွေ

play

 

အရေးပေါ် ဆေးဝါးသေတ္တာလို တစ်ခါတစ်ရံမှ သုံးတဲ့အရာတွေကို အိမ်မှာထားခဲ့လို့ရပါတယ်။ ဒါမျိုးတွေက ကမ်းခြေနဲ့ လမ်းခရီးမှာလည်း အလွယ်တကူ ဝယ်လို့ရပါတယ်။

၎။ ပစ္စည်းနှစ်ခုထပ်ခြင်း

play

 

အဖွဲ့လိုက် ဒါမှမဟုတ် နှစ်ဦးသား ခရီးထွက်တဲ့အခါ ယူလာတဲ့ ပစ္စည်းတွေက အတူတူ သုံးလို့ရတာတွေ ရှိပါတယ်။ ဥပမာ - သွားတိုက်ဆေး၊ နေလောင်ကာကွယ်ဆီ စတာမျိုးတွေကို တစ်ယောက် ယူလာရင် ရပါပြီ။

၅။ လက်ဝတ်လက်စားများ

play

 

ကမ်းခြေလို နေရာမျိုးကို အပျာ်ခရီးထွက်တဲ့အချိန်ဒါတွေ လုံးဝ မလိုအပ်ပါဘူး

၆။ ဖိနပ်များများ

play

 

ဖိနပ်တွေအများကြီး ထည့်လာဖို့လည်း မလိုပါဘူး။ ဒေါက်ဖိနပ်၊ ရှုးဖိနပ်၊ ခြေညှပ်ဖိနပ် စသဖြင့် စုံနေအောင် ထည့်လာရင် နောင်တရမိပါလိမ့်မယ်။

၇။ နည်းပညာပစ္စည်းများ

play

 

ဖုန်းတွေ၊ လက်ပ်တော့တွေ၊ အိုင်ပတ်တွေ အများကြီး ယူစရာမလိုပါဘူး။ ဟိုမှာ လုပ်စရာရှိတာကို သေချာစဉ်းစားပြီး တစ်ခုလောက်သာ ယူပါ။ ဒါမှမဟုတ်ရင် ပစ္စည်းအများကြီးသယ်လာမိပြီး အသုံးမလိုဘဲ ဖြစ်တတ်ပါတယ်။

Source & Photos : Rd

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD