play

 

အပြစ်အနာအဆာအသေးအဖွဲ

ပုလဲအစစ်တွေက လုံးဝပြည့်စုံတယ်ဆိုတာ မရှိသလောက်ပါပဲ။ အရွယ်အစား ပုံမှန်မဟုတ်တာလေးတွေ၊ အစွန်းအကွက်သေးသေးလေးတွေ ရှိတတ်ပါတယ်။ ပုလဲတစ်လုံးရဲ့ အလင်းပြန်ပုံဟာလည်း တစ်လုံးတည်းမှာတင် မတူညီဘဲ  အမျိုးမျိုးရှိတတ်ပါတယ်။

အလင်း

ပုလဲရဲ့အလင်းပြန်ပုံဟာ ပုလဲအလှတွေထဲက တစ်ခုဖြစ်ပါတယ်။ အရည်အသွေးကောင်းတဲ့ ပုလဲတွေဟာ အလင်းရိုက်ရင် ကြည်လင်တောက်ပစွာ အလင်းပြန်ပါတယ်။ အနီးကပ်ကြည့်ရင် သင့်ပုံရိပ်က ပုလဲမှာ ထင်ပါတယ်။

play

 

အရောင်

အလင်းလာထိတဲ့အခါ အခြားရောင်တွေပေါ်လာတာဟာ ပုလဲအစစ်တွေရဲ့ လက္ခဏာပါ။ နှင်းဆီရောင်နဲ့ ဆင်စွယ်ရောင်တွေဟာ ပုလဲအဖြူမှာ တွေ့ရများပြီး အခြားအရောင်အမျိုးမျိုးလည်း ပေါ်တတ်ပါတယ်။

play

 

ကြိုးနဲ့သီထားရင်

ကြိုးနဲ့သီဖို့ ဖောက်ထားတဲ့ အပေါက်ကို ကြည့်ရင် ပုလဲအစစ်တွေဟာ ဆလင်ဒါပေါက်လိုဖြစ်နေပြီး အတုတွေကတော့ အဝိုင်းပုံစံရှိပါတယ်။ ဒါပေမဲ့ ဝတ်တာကြာပြီဖြစ်တဲ့ ပုလဲအစစ်တွေမှာလည်း အပေါက်က ဝိုင်းနေတတ်ပါတယ်။ ပုလဲအတုတွေဟာ ကြိုးနဲ့သီထားရင် ပွတ်တိုက်တာကြောင့် အရာပွန်းတာလေးတွေရှိတတ်ပါတယ်။ အပေါက်ဝမှာ အပြင်ဘက်ကို စူထွက်နေတာမျိုး ရှိပါတယ်။  အပေါ်ကဆေးနဲ့ လုပ်ထားတယ်ဆိုရင် ဒီကြိုးပေါက်နားက ပထမဆုံးအရောင်လွင့်တတ်ပါတယ်။

*** ပရော်ဖက်ရှင်နယ်တစ်ယောက်အတွက်တော့ အတုအစစ်ခွဲနည်းတွေ အမြောက်အများရှိပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့အချက်တွေက သာမန်ဗဟုသုတအနေနဲ့ ဖော်ပြတာ ဖြစ်ပါတယ်။

Photos & Source: wikiHow

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video