AD
AD
AD
play

 

ခွေးနဲ့လူကြားက  သံယောဇဉ်ဟာ အလွန်ခိုင်မာတဲ့အခါ ရင်ခုန်နှုန်းတူညီလာတယ်လို့ လေ့လာမှုတစ်ရပ်က ဖော်ပြပါတယ်။ သုတေသနကို အိမ်မွေးခွေးဆိုင်ရာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Pedigree ရဲ့ထောက်ပံ့မှုနဲ့ သြစတြေးလျသုတေသနအဖွဲ့တစ်ဖွဲ့က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

play

 

 ခွေးပိုင်ရှင်တွေကို ခွေးနဲ့အတော်ကြာခွဲထားပြီး ပြန်လည်တွေ့ဆုံပေးတဲ့အခါမှာ ခွေးနဲ့ပိုင်ရှင်တွေရဲ့ နှလုံးခုန်နှုန်းဟာ တူညီနေကြောင်းတွေ့ရှိခဲ့တယ်လို့ Metro ကဖော်ပြတာ ဖြစ်ပါတယ်။ ပြန်လည်တွေ့ပြီးပြီးချင်း ပထမဆုံးတစ်မိနစ်တွင်း နှလုံးခုန်နှုန်းဟာ တူညီတယ်လို့ သိရပါတယ်။

play

 

အဆိုပါတွေ့ရှိမှုဟာ ခွေးပိုင်ရှင်တွေ အိမ်ပြန်တဲ့အခါ သူတို့ခွေးတွေနဲ့ တွေ့ဆုံရင် ရတဲ့ခံစားချက်ကို ဖော်ပြနေတာဖြစ်တယ်လို့ သုတေသနကို ဦးဆောင်လေ့လာခဲ့သူ မိုင်ကော့ဘ်က ပြောကြားထားပါတယ်။

Photos & Source: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD