AD
AD
AD
play

 

နေ့စဉ် လုပ်ငန်းခွင်ထဲသွားလာ လှုပ်ရှားပြီး အလုပ်လုပ်နေရသူတွေရဲ့ အကြီးမားဆုံးဒုက္ခတွေထဲက တစ်ခုကတော့ လူကျပ်တဲ့ဘတ်စ်ကားကို စီးနင်းရတာဖြစ်ပါတယ်။ ကားကျပ်ကျပ်၊ လမ်းကျပ်ကျပ်ပေါ်မှာ ဘတ်စ်ကားပေါ် ခြေထောက်တစ်နေရာစာ ရပ်နိုင်ဖို့ ရုံးတက်၊ ရုံးဆင်းချိန်မှာ မလွယ်လှပါဘူး။

နေ့စဉ် ဘတ်စ်ကားစီးနေရသူတွေသာ သိနိုင်တဲ့ ဒုက္ခ (၁၀) မျိုးရှိပါတယ်။

၁။ ဘယ်သူ့ကိုမှ ထိုင်ခုံမပေးချင်တဲ့သူ

play

 

ဗိုက်ကြီးသည်ပဲလာလာ၊ သက်ကြီးရွယ်အိုပဲလာလာ၊ မသန်စွမ်းသူပဲ လာလာ ဘယ်သူ့ကိုမှ  ထိုင်ခုံမပေးချင်ပဲ မသိချင်ယောင် ဆောင်ပြီး ဆက်ထိုင်နေတတ်တဲ့ သူမျိုးတွေပါ။

၂။ အငိုသန်တဲ့ကလေး

play

 

တစ်ချို့ကလေးတွေ အငိုသန်ကြပါတယ်။ ဒါမျိုးကလေး ဘတ်စ်ကားကျပ်ကျပ်ပေါ်မှာ ငိုလို့ကတော့ ဆင်းပြေးချင်စိတ် ပေါက်မိမှာပါ။

၃။ ခြေကားယား၊ လက်ကားယား ထိုင်သူ

play

 

တစ်ယောက်တည်း ထိုင်နေတာ ဆိုပေမယ့် တစ်ယောက်ခွဲစာလောက် ခြေထောက်ဆန့်ကားပြီး ထိုင်နေတတ်တဲ့ အလိုက်မသိသူတွေလည်း ရှိပါတယ်။

၎။ သီချင်း အကျယ်ကြီး ဖွင့်သူ

play

 

တစ်ချို့က သူ့လိုပဲ လူတိုင်း သီချင်းနားထောင်ချင်ကြမယ်လို့ ထင်နေကြပါတယ်။ ပြီးတော့ သီချင်းကို နားကျပ်နဲ့ နားမထောင်ပဲ အကျယ်ကြီးဖွင့်ပြီး နားထောင်တတ်ကြပါတယ်။

၅။ ပါးစပ် မအုပ်ပဲ ချောင်းဆိုးသူ

play

 

ချောင်းဆိုးချင်တာကို အကြာကြီး ထိန်းထားလို့မရပါဘူး။ ဒါပေမယ့် ဘတ်စ်ကားပေါ်မှာ ပါးစပ်မပိတ်ပဲ ချောင်းဆိုးတာတော့ ဘယ်သူ့အတွက်မှ အဆင်မပြေပါဘူး။

၆။ ထိုင်ခုံလုတဲ့သူ

play

 

တစ်စုံတစ်ယောက်က ဘတ်စ်ကားပေါ်ကဆင်းဖို့ ထိုင်ခုံက ထတော့မယ်ဆိုရင် ထိုင်ခုံရဖို့ နေရာလုတတ်သူတွေကိုလည်း ဘတ်စ်ကားစီးသူတွေ နေ့စဉ် ကြုံတွေ့ကြရပါတယ်။ ပြတင်းပေါက် ထိုင်ခုံကိုမှ လုတတ်သူတွေလည်း ရှိပါတယ်။

၇။ ပခုံးပေါ်မှာ အိပ်ပျော်တတ်သူ

play

 

တစ်ခါတစ်လေ သင်ထိုင်ခုံရလည်း ကံမကောင်းတတ်ပါဘူး။ ညဘက်အိပ်ရေးပျက်လာတဲ့သူက သင့်ပခုံးကို ခေါင်းအုံးလို့ သဘောထားပြီး ကောင်းကောင်း အိပ်ငိုက်တတ်တာပါပဲ။

၈။ စပါယ်ယာနဲ့ ရန်ဖြစ်တတ်သူ

play
Photos : avax.news

 

တစ်ချို့ကတော့ ဘတ်စ်ကားစပါယ်ယာနဲ့ ရန်ဖြစ်ဖို့ ဝန်မလေးတတ်ကြပါဘူး။ ဒီလိုပုဂ္ဂိုလ်မျိုးတွေကို အကြွေ တိတိကျကျ ပြန်မအမ်းရင်တော့ ယာဉ်နောက်လိုက်တွေ ရန်တွေ့ခံရမှာပါ။

၉။ ဖုန်းအကျယ်ကြီးပြောသူ

play

 

တစ်ချို့ကတော့ လာသမျှ ဖုန်းတိုင်းကို ဘတ်စ်ကားကျပ်ကျပ်ပေါ်မှာ မလွတ်တမ်းကိုင်ပြီး အကျယ်ကြီးပြောတတ်ကြပါတယ်။ ဖုန်းမလာလို့ သူတို့ကပဲ ဖုန်းခေါ်ပြီး ကျယ်ကျယ်လောင်လောင် ပြောတတ်ကြပြန်ပါတယ်။

၁၀။ ဖွန်ကြောင်တဲ့သူ

play

 

ဒါမျိုးကလည်း တစ်ခါတစ်ရံ ကြုံရတတ်ပါတယ်။ ဘတ်စ်ကားပေါ်မှာ သင့်ကို မလွတ်တမ်း လိုက်ကြည့်နေတတ်တဲ့ သူမျိုးတွေပေါ့။ ဒါပေမယ့် တစ်ခါတစ်လေတော့ သင်ကိုယ်တိုင်လည်း ဘတ်စ်ကားပေါ်မှာ သဘောကျသူ တွေ့လာနိုင်ပါတယ်။

Source : Metro

Photo : ucanews

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD