Lifestyle: စွန့်ပစ်မြေရိုင်းကို သာယာတဲ့ ဥယျာဉ်ဖြစ်အောင် ဖန်တီးခဲ့သူ

အခုလို လှပတဲ့ဥယျာဉ်ကို ဖန်တီးခဲ့သူက ဘုန်းကြီးလူထွက်တစ်ဦးဖြစ်တဲ့ မတ္တေရဆိုတဲ့ အဘိုးအိုတစ်ဦး ဖြစ်ပါတယ်။

play

 

တစ်ချိန်က ဝက်မွေးတဲ့ မြေရိုင်းမြေကွက်ဟာ အခုဆိုရင် ချယ်ရီပန်းတွေ၊ ဝါးပင်တွေ၊ အေးမြတဲ့ရေကန်နဲ့ စေတီတို့ဖြင့် သာယာချမ်းမြေ့တဲ့ နေရာလေးတစ်ခု ဖြစ်နေပါပြီ။

play

 

ဗြိတိန်နိုင်ငံ၊ East Midlands မှာရှိတဲ့ အဆိုပါ ဥယျာဥကို အသက် ၇၆ နှစ်အရွယ် ဘုန်းကြီးလူထွက်တစ်ဦးက ၃၅ နှစ်ကြာ အချိန်ပေးပြီး ဂျပန်ရိုးရာဥယျာဉ်တစ်ခု အသွင်ဖန်တီးခဲ့ပါတယ်။

play

 

ဥယျာဉ်ကို အရှေ့တိုင်းက ပန်းတွေနဲ့ ဖန်တီးထားတဲ့အပြင် အင်္ဂလိပ်တွေအကြိုက်ဖြစ်တဲ့ ဟော်လီပန်း၊ ဖော်ဆိုက်သီးယား၊ ပရိုင်မြူလာစတဲ့ ပန်းပင်တွေနဲ့ ထင်ရှူးပင်တေလည်း ထည့်သွင်းစိုက်ပျိုးထားပါတယ်။

play

 

"အမှတ်မထင် ဥယျာဉ်တစ်ခုဖြစ်သွားတာပါ။ သစ်ပင်တွေနဲ့ ပန်းပင်တွေ စစိုက်တော့ ဘာဖန်တီးမယ်ရယ်လို့ တွေးမထားဘူး။ ဒါပေမဲ့ ကျွန်တော့်ရဲ့စိတ်ခံစားချက်အတိုင်းပဲ လိုက်လုပ်ခဲ့တယ်" လို့ သူက ပြောခဲ့ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ