Lifestyle: သားသမီးတွေကို အောင်မြင်သူ ဖြစ်စေချင်ရင် မိဘတိုင်း လုပ်သင့်တဲ့ အချက် (၉) ချက်

, updated

သားသမီးတွေ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းဟာ မိဘတွေနဲ့လည်း သက်ဆိုင်လှပါတယ်။

play

 

ကောင်းမွန်တဲ့ မိဘတိုင်းဟာ ကလေးငယ်တွေကို နည်းလမ်းတကျ ပြုစုပျိုးထောင်ပေးလေ့ရှိပါတယ်။ ငွေကြေးဥစ္စာမပြည့်စုံပေမဲ့ သားသမီးတွေကို အောင်မြင်တဲ့ လမ်းကြောင်းပေါ် ရောက်အောင် တင်ပေးနိုင်သူတွေဟာ မိဘကောင်းတွေဖြစ်ပါတယ်။

အောင်မြင်တဲ့ သားသမီးတွေကို ပိုင်ဆိုင်ထားတဲ့ မိဘတိုင်းလိုလို သားသမီးတွေ ငယ်စဉ်မှာ လုပ်လေ့ရှိတဲ့  အရာ (၉) ခုရှိပါတယ်။

play

 

၁။ သားသမီးတွေကို ငယ်စဉ်ကတည်းက အိမ်မှုကိစ္စအချို့ လုပ်ခိုင်းလေ့ရှိပါတယ်။ အနည်းဆုံး ကိုယ့်တာဝန် ကိုယ်ယူတတ်အောင် လေ့ကျင့်ပေးကြပါတယ်။

play

 

၂။ လူမှုဆက်ဆံရေး ကောင်းမွန်အောင် သင်ပေးကြပါတယ်။ ဆိုးသွမ်းသူတွေ၊ ထက်မြက်သူတွေနဲ့ ဘယ်လိုပေါင်းသင်းရမယ်ဆိုတာ သင်ပေးကြပါတယ်။

play

 

၃။ သားသမီးတွေအပေါ် ရည်မှန်းချက်ကြီးကြီးထားပြီး အကောင်အထည် ဖော်ပေးကြပါတယ်။ ငယ်စဉ်ကတည်းက ကလေးကြီးလာရင် ဘယ်ကောလိပ်ကို ပို့မယ်ဆိုတာမျိုး စဉ်းစားထားတတ်ကြပါတယ်။

play

 

၎။ သားသမီးတွေနဲ့ မတည့်တဲ့ မိဘတွေ များစွာရှိပါတယ်။ သူတို့ကတော့ သားသမီးတွေနဲ့ တည့်အောင် ပေါင်းသင်းဆက်ဆံကြပါတယ်။

play

 

၅။ ပညာရေးကို မြေတောင်မြှောက်ပေးဖို့ စိတ်အားထက်သန်ကြပါတယ်။ ဒီအတွက် တတ်နိုင်သလောက် ငွေကြေး သုံးစွဲတတ်ကြပါတယ်။

play

 

၆။ ကလေးငယ်တွေကို သင်္ချာတော်အောင် ငယ်စဉ်ကတည်းက သင်ပေးကြပါတယ်။ ၂၀၀၇ တုန်းက အမေရိကန်၊ ကနေဒါ၊ အင်္ဂလန်မှာရှိတဲ့ ကလေးငယ် သုံးသောင်းခွဲကို လေ့လာရာမှာ စောစောစီးစီး သင်္ချာတတ်မြောက်ထားတဲ့ ကလေးငယ်က ပိုပြီးထက်မြက်တာ တွေ့ရပါတယ်။

play

 

၇။ ဖိအား ကင်းကင်းနေတတ်ကြပါတယ်။ မိဘတွေ ဖိအားကင်းမှ ကလေးငယ် ဖိအားကင်းမယ်ဆိုတာ သူတို့နားလည်ကြပါတယ်။

play

 

၈။ သားသမီးရဲ့ ကျရှုံးမှုအပေါ် အပြစ်တင်မစောတတ်ကြပါဘူး။ ကလေးငယ်ရဲ့ မအောင်မြင်မှုကိုတောင် တန်ဖိုးထားကြပါတယ်။

play

 

၉။ အောင်မြင်သူ ကလေးငယ်တွေရဲ့ မိခင်တွေဟာ အပြင်မှာ အလုပ်အကိုင်ရှိသူတွေဖြစ်ကြောင်း ဟားဗက်စီးပွားရေးတက္ကသိုလ်က လေ့လာချက်မှာ ဖော်ပြထားပါတယ်။

Source : BI India

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ