Lifestyle: လူသိနည်းတဲ့ ဟစ်တလာအကြောင်းအချို့

ဟစ်တလာလည်း လူသားတစ်ယောက်ဖြစ်ပြီး သူရဲ့ဘဝသက်တမ်းမှာ ကမ္ဘာကြီးအတွက် လူသိနည်းတဲ့ လုပ်ရပ်ကောင်း အချို့လည်း လုပ်ဆောင်ခဲ့ပါသေးတယ်။

play


နာဇီခေါင်းဆောင်ကြီး အဒေါ့ဖ် ဟစ်တလာလို့ ပြောလိုက်ရင် လူဆိုးကြီးအဖြစ်သာ ရှုမြင်မှုများနေပါလိမ့်မယ်။ ရုပ်ရှင်တွေ ရိုက်ပြရင်လည်း ဟစ်တလာဆိုတာ လူဆိုကြီးဆိုတဲ့ ဇာတ်လမ်းတွေကသာ လွှမ်းမိုးနေပါလိမ့်မယ်။

ဒါပေမဲ့ ဟစ်တလာလည်း လူသားတစ်ယောက်ဖြစ်ပြီး သူရဲ့ဘဝသက်တမ်းမှာ ကမ္ဘာကြီးအတွက် လူသိနည်းတဲ့ လုပ်ရပ်ကောင်း အချို့လည်း လုပ်ဆောင်ခဲ့ပါသေးတယ်။ အဆိုးနဲ့အကောင်း နေရာတိုင်းမှာ ဒွန်တွဲနေတတ်သလို လူတွေမှာလည်း အလားတူပဲဆိုတဲ့ သဘောဖြစ်ပါတယ်။

 
play

၁။ နျူကလီးယားနဲ့ အဏုမြူလက်နက် တားမြစ်ပိတ်ပင်ခဲ့

ယခုခေတ် အင်အားကြီး နိုင်ငံတွေရဲ့ ပါဝါအဖြစ် အခြားနိုင်ငံတွေက ရှိန်နေကြရတဲ့ နျူကလီးယားနဲ့ အဏုမြူ လက်နက်တွေ ထုတ်လုပ်တဲ့ နည်းပညာကို ဂျာမန်တွေက စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ၁၉၃၈ ခုနှစ်အတွင်းက ဂျာမန် သိပ္ပံပညာရှင်နှစ်ဦးက နျူကလီးယားနဲ့ အဏုမြူ လက်နက်တွေ ထုတ်လုပ်နိုင်တဲ့ နည်းလမ်းကို စတင်တွေ့ရှိခဲ့ပါတယ်။

ဒါပေမဲ့ ဟစ်တလာက ဒီလက်နက်တွေဟာ လူသားတွေရဲ့အသက်အန္တရာယ်ကို ဘယ်လောက်ထိ ခြိမ်းခြောက်နိုင်တယ်ဆိုတာ နားလည်သိရှိပြီးတဲ့နောက် နျူကလီးယားနဲ့ အဏုမြူ လက်နက်တွေ အသုံးပြုမှုကို တားမြစ်ပိတ်ပင်ခဲ့တယ်လို့ ဆိုပါတယ်။

play

၂။ တိရစ္ဆာန်တွေကို သုတေသနမှာ အသုံးချမှု ပိတ်ပင်ခဲ့

ဂျာမနီနိုင်ငံဟာ လူသားနဲ့ဆိုင်တဲ့ သုတေသနလုပ်ငန်းတွေမှာ တိရစ္ဆာန်တွေကို အစမ်းသပ်ခံအဖြစ် အသုံးချခြင်းကို တားမြစ်ပိတ်ပင်တဲ့ ပထမဆုံး နိုင်ငံဖြစ်ပါတယ်။ ဟစ်တလာက တိရိစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးကို အလေးထားခဲ့ပြီး နောက်ပိုင်းမှာတော့ သူ့လိုပဲတိရိစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးတွေ ကမ္ဘာတစ်ဝှမ်း လိုက်ပါ လုပ်ဆောင်လာကြတယ်လို့ ဆိုပါတယ်။

၃။ အဝေးပြေးလမ်းစနစ် စတင်ခဲ့သူ

ဒီကနေ့ ကမ္ဘာပေါ်မှာ အသုံးပြုနေကြတဲ့ အဝေးပြေးလမ်းမစနစ်ကို ဟစ်တလာက ဂျာမနီအတွက် စတင်တီထွင်ခဲ့တာလို့ ဆိုပါတယ်။

play

၎။ ဆေးလိပ်သောက်ခြင်း ဆန့်ကျင်သူ

နာဇီခေါင်းဆောင်ကြီး ဟစ်တလာဟာ ဆေးလိပ်သောက်ခြင်းကို ပြင်းထန်စွာ ဆန့်ကျင်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဆေးလိပ်သောက်ခြင်းနဲ့ ကင်ဆာရောဂါ ဖြစ်ပွားနိုင်မှု မြင့်တက်စေတာကိုလည်း နာဇီတွေက စတင် လေ့လာခဲ့တာ ဖြစ်ပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာ ကိုယ်ဝန်ပျက်ကျစေနိုင်ကြောင်း နာဇီတွေက စတင်တွေ့ရှိခဲ့ပါတယ်။

အခုအခါမှာတော့ ဒီလို ဆက်နွယ်မှုကို လူတိုင်းလိုလို သိနေကြပြီ ဖြစ်ပါတယ်။ ၁၉၄၀ ခုနှစ်မှာ လူတစ်ယောက် တစ်နှစ်ပတ်လည် ဆေးလိပ်သောက်နှုန်းကို နာဇီတွေက ၇၄၉ လိပ်အထိ လျော့ချနိုင်ခဲ့ပါတယ်။ ထိုအချိန်က အမေရိကန်တစ်ယောက်ရဲ့ ဆေးလိပ်သောက်နှုန်းဟာ တစ်နှစ်ကို အလိပ်ရေ ၃,၀၀၀ ဖြစ်တယ်လို့ ဆိုပါတယ်။

play

၅။ ဉာဏ်ကွန့်မြူးမှု အားကောင်းသူ

ဟစ်တလာဟာ ဉာဏ်ကွန့်မြူးမှု အားကောင်းသူတစ်ယောက်လို့လည်း ဆိုပါတယ်။ သူဟာ ကျောင်းသားဘဝမှာ IQ အမှတ် ပျမ်းမျှ အောက်သာရှိသူ ဖြစ်ခဲ့ပေမယ့် ဂျာမနီနိုင်ငံရဲ့ အကြီးမားဆုံး ခေါင်းဆောင်တစ်ယောက်ဖြစ်လာပြီး ဂျာမနီကို အပြောင်းအလဲတွေ ဖြစ်စေခဲ့သူလည်း ဖြစ်ပါတယ်။

Source & Photo: Tech & Facts

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ