Lifestyle: နောင်တဘယ်တော့မှ မရတဲ့ အထက်တန်းကျောင်းတုန်းက လုပ်ရပ် (၆) ခု

ကျောင်းတုန်းက တွေ့ခဲ့တဲ့ ငယ်ချစ်ကို ဘယ်တော့မှ မမေ့ပါဘူး။ ဒီလိုချစ်ခဲ့တဲ့အတွက်လည်း ဘယ်တော့မှ နောင်တမရပါဘူး။

play

 

၁ - တစ်ယောက်သောသူအတွက် ရန်မဖြစ်ခဲ့ဘူး

ကျောင်းတုန်းက ရန်ဖြစ်တယ်ဆိုတာတော့ ရှိပါတယ်။ ဒါပေမဲ့ ကောင်လေးအတွက်၊ ကောင်မလေးအတွက် ရန်ဖြစ်တယ်ဆိုတာ မရှိခဲ့တဲ့အတွက် ဘယ်တော့မှ နောင်တမရပါဘူး။ ဒီလိုဖြစ်ရပ်မျိုးဆိုတာ သင်က မေ့နိုင်ပေမဲ့ သင့်ကိုသိတဲ့ ကျောင်းတုန်းက လူတွေက ဘယ်တော့မှ မမေ့တတ်ပါဘူး။

play

 

၂ - ကျောင်းပြင်ပ ပညာရေး

အတန်းထဲမှာတင် သင်ရတဲ့ အရာတွေ ရှိသလို အတန်းပြင်ပမှာ သင်ခဲ့တဲ့ အရာတွေလည်း ရှိပါတယ်။ ဥပမာ ကိုယ်ဝါသနာပါတဲ့အရာအတွက် အတန်းပြင်ပမှာ လှုပ်ရှားခဲ့ရတာတွေဟာ အမှတ်ရစရာပါ။ မကောင်းဘူးလို့ သတ်မှတ်ထားတဲ့ ကိစ္စတစ်ချို့ကိုလည်း အတန်းပြင်ပမှာ တတ်မြောက်ခဲ့ပြီး ဒီလိုတတ်မြောက်ခဲ့တဲ့အတွက် နောင်တမရပါဘူး။

၃ - မဖားဘူး

ဆရာမကို မဖားခဲ့ရတဲ့အတွက် ဘယ်တော့မှ နောင်တမရပါဘူး။ ဒီ့အတွက် ကျောင်းတုန်းက လူတွေ အသက်ကြီးလို့ပြန်တွေ့တဲ့အခါ ကျောင်းတုန်းက ငဖားတွေဆိုပြီး စိတ်ထဲမှာ သူတို့ပြောမနေတော့ပါဘူး။

play

 

၎ - အချစ်ရေး

ကျောင်းတုန်းက တွေ့ခဲ့တဲ့ ငယ်ချစ်ကို ဘယ်တော့မှ မမေ့ပါဘူး။ ဒီလိုချစ်ခဲ့တဲ့အတွက်လည်း ဘယ်တော့မှ နောင်တမရပါဘူး။

၅ - အမှတ်

အမှတ်မကောင်းဘူး၊ ဒါပေမဲ့ စာမေးပွဲမကျဘူး။ စာနဲ့ပဲ နှစ်ပါးသွားပြီး ကျောင်းသားဘဝကို ကုန်ဆုံးခဲ့ရတာထက် တခြားအရာတွေကိုပါ အချိန်ပေးနေထိုင်ခဲ့ရတဲ့အတွက် ဘယ်တော့မှ နောင်တမရဘူး။ စာမေးပွဲကျခဲ့ရင်လည်း နောင်တရစရာ အကြောင်းမရှိပါဘူး။

play

 

၆ - ပိုက်ဆံ

ကိုယ်က ပိုက်ဆံချေး သုံးခဲ့ရတဲ့အတွက် နောင်တမရဘူး။ ပြန်မပေးတဲ့လူတွေကို ကိုယ်က ပိုက်ဆံချေးခဲ့ရတဲ့ အတွက်လည်း နောင်တမရဘူး။ အသက်ကြီးလို့ ပြန်တွေ့တဲ့အခါ ပြောကြဆိုကြပြီး ကြည်နူးစရာ ဖြစ်ရပ်တွေပါပဲ။

Photos & Source: Life Hack

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ