AD
AD
AD
play


သင့်ရဲ့ လက္ခဏာမှ နှလုံးလမ်းကြောင်း အနေအထားက သင့်ရဲ့ စိတ်နေစိတ်ထားကို တစ်စွန်းတစ်စ ညွှန်းဆိုနေတယ်လို့ ဆိုပါတယ်။ သင့်ရဲ့ လက္ခဏာမှ နှလုံးလမ်းကြောင်း အနေအထားနဲ့ တိုက်ဆိုင် ဆန်းစစ်ကြည့်လိုက်ပါ။

play

 

- ပုံ A နဲ့ C မှာကဲ့သို့ နှလုံးလမ်းကြောင်းအစွန်းက လက်ခလယ်အောက်မှာရှိတဲ့ လက္ခဏာပိုင်ရှင်ဟာ ခေါင်းဆောင်မှု အရည်အသွေးရှိသူလို့ ဆိုပါတယ်။ ဒီလို လက္ခဏာပိုင်ရှင်တွေဟာ ရည်မှန်းချက်ကြီးတယ်၊ မှီခိုမှုကင်းပြီး လွတ်လပ်ချင်တယ်၊ ဉာဏ်ရည်ဉာဏ်စွမ်းရှိပြီးတော့ ဆုံးဖြတ်ချက်တွေ မှန်မှန်ကန်ကန် ချမှတ်နိုင်တဲ့သူတွေ ဖြစ်ပါတယ်။ သူတို့ဟာ ထိလွယ်ရှလွယ်ဖြစ်မှု နည်းပါးပြီး တည်ငြိမ်အေးဆေးလေ့ရှိတယ်။

- တစ်ကယ်လို့ နှလုံးလမ်းကြောင်းအစွန်းဟာ ပုံ B မှာကဲ့သို့ လက်ခလယ်နဲ့ လက်ညှိုးကြားမှာ ရောက်နေတဲ့ လက္ခဏာ ပိုင်ရှင်တွေကတော့ ထောက်ထားညှာတာတတ် ကြင်နာတတ်သူတွေပါတဲ့။ သူတို့ဟာ သူတို့ ယုံကြည်တဲ့ လူတွေမဟုတ်ရင် ပေါင်းသင်းဆက်ဆံဖို့အတွက် သတိထားလေ့ရှိပါတယ်။

play


- နှလုံးလမ်းကြောင်းအစွန်းဟာ ပုံ D မှာကဲ့သို့ လက်မနဲ့လက်ညှိုးကြားမှာ ရှိနေတဲ့ လက္ခဏာပိုင်ရှင်တွေကတော့ သည်းခံတတ်သူ၊ ဂရုတစိုက်ရှိသူဖြစ်ပြီး သူတို့မှာ ကောင်းမွန်တဲ့ ရည်ရွယ်ကောင်းတွေ ထားရှိတတ်သူပါ။ သူတို့ဟာ နူးညံ့တဲ့ နှလုံးသားပိုင်ရှင်တွေ ဖြစ်ပါတယ်။
Source & Photo: humaninterest

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle

AD