Lifestyle: အလုပ်မှာ မတ်တပ်ရပ်ခြင်းကြောင့် ရရှိမယ့် အကျိုးကျေးဇူး (၅) ခု

မိနစ်သုံးဆယ်တစ်ခါ ၁၅ မိနစ်တစ်ခါလောက် မတ်တပ်ရပ်ပေးသင့်ပါတယ်။

play

 

၁ - နှလုံးရောဂါ

နာရီပေါင်းများစွာ ထိုင်တာဟာ သင့်ကျန်းမာရေးအတွက် မကောင်းပါဘူး။ နာရီပေါင်းများစွာ ထိုင်နေခြင်းထက် မတ်တပ်ရပ်ပေးတာဟာ နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို လျော့ချပေးပါတယ်။

၂ - ခါးနာ

ခါးနာတာကိုလည်း တားဆီးပေးပါတယ်။ အမြဲတမ်းထိုင်နေမယ့်အစား နာရီဝက်တစ်ခါ ၊ ၁၅ မိနစ်တစ်ခါ မတ်တပ်ထပေးသင့်ပါတယ်။

play

 

၃ - ဝိတ်ကျ

ဝိတ်တက်တယ်လို့ အော်နေသူအများစုကို ကြည့်ရင် ကြာကြာထိုင်သူတွေဖြစ်တတ်တာကို တွေ့ရပါမယ်။ ဝိတ်ကျဖို့ဟာ အထိုင်များသူတွေထက် မတ်တပ်ရပ်တာများတဲ့လူတွေမှာ ပိုဖြစ်ပါတယ်။

၎ - သကြားဓာတ်

သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးပါတယ်။ အထိုင်နဲ့အထ မျှတတာဟာ သကြားဓာတ်မြင့်တက်ခြင်းကို ကာကွယ်ပေးပါတယ်။

play

 

၅ - စိတ်

စိတ်ကျန်းမာရေးကိုလည်း တိုးတက်စေပါတယ်။ အချိန်အကြာကြီးထိုင်မနေဘဲ လှုပ်လှုပ်ရှားရှားရှိတာဟာ အလုပ်လည်း တွင်ပါတယ်။ တစ်ခုခုလုပ်နေရင်းနဲ့ စိတ်တွေထိုင်းမှိုင်းလာတာဟာ အထိုင်များတာကြောင့်လည်း ပါပါတယ်။ မတ်တပ်ရပ်လမ်းလျှောက်လိုက်တဲ့အခါမှာ စိတ်ကိုကြည်လင်စေပါတယ်။

Photos & Source: Life Hack

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ