Lifestyle: အဓမ္မကျင့်ခံရတဲ့ မိန်းမငယ်လေးအား နယ်သာလန်နိုင်ငံက သူ့ကိုယ်သူ သတ်သေခွင့်ပြု

, updated

နယ်သာလန်နိုင်ငံမှာ မိမိကိုယ်မိမိ သတ်သေခွင့်ကို ၂၀၀၂ ခုနှစ်မှာ စတင် ခွင့်ပြုခဲ့ပါတယ်။

play

 

မိန်းမငယ်လေးဟာ အသက် ၂၀ ကျော်ပဲ ရှိသေးပေမဲ့ ဒတ်ခ်ျဥပဒေအရ ဆန္ဒအလျောက်  မိမိကိုယ်မိမိ သတ်သေခွင့်နဲ့ သူမကိုယ်သူမ အဆုံးစီရင်မယ့်လမ်းကို ရွေးချယ်ခဲ့ပါတယ်။

အသက် ၅ နှစ်မှ ၁၅ နှစ်အတွင်း အဓမ္မကျင့်ခံခဲ့ရတဲ့ သူမဟာ စိတ်ကစဥ့်ကလျားရောဂါ၊  စိတ်ကျရောဂါနဲ့ အကြောက်လွန်ရောဂါတို့ကို ခံစားခဲ့ရသူပါ။

သူမဟာ အဆက်မပြတ် ကုသပေးမှုကြောင့် လွန်ခဲ့တဲ့ နှစ်နှစ်က သူမရဲ့ စိတ်အခြေအနေ ယာယီတိုးတက်မှုတွေ ရှိခဲ့ပေမဲ့ Dutch Euthanasia Commission က သူမကို ဆေးထိုးသတ်သေခွင့် ပေးခဲ့ပါတယ်။

play
နယ်သာလန်မှာရှိတဲ့ အဆုံးစီရင်ဆေးရုံ

 

သူမဟာ စိတ်ဂနာမငြိမ်တဲ့အပြင် အိပ်ရာထဲကို ဗုန်းဗုန်းလဲတဲ့အထိ စိတ်ဝေဒနာ ခံစားခဲ့ရသူ ဖြစ်ပါတယ်။

"သူမအတွက် မျှော်လင့်ချက်ဆိုတာ လုံးဝမရှိတော့ပါဘူး။ လူနာဟာ ဘယ်လိုမှမခံနိုင်တဲ့ စိတ်ဝေဒနာတွေကို ခံစားခဲ့ရပါတယ်" လို့ သူမရဲ့ စိတ်ရောဂါကု ဆရာဝန်က ပြောခဲ့ပါတယ်။

၂၀၀၂ ခုနှစ်ကစပြီး မိမိကိုယ်မိမိ သတ်သေခွင့်ဥပဒေကို အတည်ပြုခဲ့တဲ့ နယ်သာလန်နိုင်ငံမှာ ၂၀၁၅ ခုနှစ်အတွင်း ယင်းဥပဒေရဲ့ ခွင့်ပြုချက်နဲ့ သတ်သေခဲ့သူ ၅,၅၆၁ ဦး ရှိခဲ့ပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ