Lifestyle: ရောင်စုံခဲတံတွေနဲ့ တစ်ဖက်လူရဲ့ စိတ်ကိုခန့်မှန်းနည်း

အနီကို ကြိုက်သူတွေက ဘဝကို ပြည့်ပြည့်ဝဝ ခံစားသူတွေ ဖြစ်ပါတယ်။ တစ်စုံတစ်ခုကို စွဲစွဲမြဲမြဲ လုပ်တတ်ပါတယ်။

play

 

ရောင်စုံခဲတံ (၇) ချောင်းလိုပါမယ်။ ခဲတံတွေကို စီလိုက်ပြီး  သူကြိုက်တဲ့ ခဲတံတစ်ချောင်းကို ရွေးခိုင်းလိုက်ပါ။ ရွေးထားတဲ့ အရောင်တွေကို ကြည့်ပြီး အောက်ပါအတိုင်း ပြောလို့ရပါတယ်။

အနက် - အနက်ကို ရွေးတဲ့လူတွေဟာ တစ်ခါတစ်ရံ စိတ်ခံစားချက်ပိုင်းမှာ ထိလွယ်ရှလွယ်ပါတယ်။ အနုပညာဆန်တတ်သူတွေလည်း ဖြစ်ပါတယ်။ တစ်ယောက်တည်းနေတတ်သူတွေ မဟုတ်ပေမဲ့ သူတို့ဘဝအကြောင်းကို တော်ရုံတန်ရုံလောက်နဲ့ ပေးသိသူတွေလည်း မဟုတ်ပါဘူး။

play

 

အဖြူ - အဖြူကို ကြိုက်သူတွေဟာ အစီစဉ်တကျလုပ်တတ်ပါတယ်။ ယုတ္တိဗေဒကျကျ စဉ်းစားတတ်ပါတယ်။ သူတို့ဘဝမှာ စုပြုံရှုပ်ထွေးနေတယ်ဆိုတာမျိုး မရှိတတ်ပါဘူး။

အနီ- အနီကို ကြိုက်သူတွေက ဘဝကို ပြည့်ပြည့်ဝဝ ခံစားသူတွေ ဖြစ်ပါတယ်။ တစ်စုံတစ်ခုကို စွဲစွဲမြဲမြဲ လုပ်တတ်ပါတယ်။ ဆုံးဖြတ်ချက်ခိုင်မာတတ်ပါတယ်။

အပြာ - ဘဝမှာ ဟန်ချက်ညီညီ နေရတာကို ကြိုက်ပါတယ်။ အခြားလူတွေအကြောင်းပဲ အမြဲတွေးနေတတ်ပါတယ်။ စိတ်ခံစားချက်မှာ ထိလွယ်ရှလွယ်ပါတယ်။ သန့်သန့်ရှင်းရှင်း၊ သပ်သပ်ရပ်ရပ်ကြိုက်ပါတယ်။ သူ့တို့ဘဝမှာ အရေးကြီးဆုံးက တည်တည်ငြိမ်ငြိမ် နေဖို့ ဖြစ်ပါတယ်။

play

 

အဝါ - လေ့လာသင်ယူရတာကို နှစ်သက်သူတွေပါ။ သိထားတာကိုလည်း တခြားလူတွေနဲ့ ဝေမျှရတာမျိုး ကြိုက်ပါတယ်။ လွယ်လွယ်ကူကူနဲ့ ပျော်တတ်သူလည်း ဖြစ်ပါတယ်။

ခရမ်း - အနုပညာဆန်သူ ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ မောက်မာသလို ရှိပါတယ်။ ပြည့်စုံသူတွေ ဖြစ်တတ်ပါတယ်။

အညို - သူငယ်ချင်းကောင်း တစ်ယောက်ဖြစ်ပါတယ်။ အားကိုး မှီခိုလို့ရပါတယ်။ တောက်တောက်ပပတွေ၊ ထင်ထင်ရှားရှားတွေဟာ သူကြိုက်တဲ့ အရာတွေ မဟုတ်ပါဘူး။ တည်ငြိမ်တဲ့ ဘဝကို လိုချင်သူတွေပါ။

Photos & Source: Psychology Today

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ