AD
AD
AD
play

 

ကနေဒါသူ လက်မှုပညာရှင်တစ်ဦးက အနုစိတ်ဆန်လွန်းတဲ့ လက်ရာတွေကို ရွှံ့စေးတွေနဲ့ ပြုလုပ်ပြခဲ့ပါတယ်။ သူမရဲ့ လက်ဖဝါးပေါ်က ကလေးပိစိလေးတွေကြောင့် လူအစစ်နဲ့မခြား မှားသွားလောက်မှာပါ။

play

 

ကမီးလ် အယ်လန်ဆိုသူ လက်မှုပညာရှင်က သူမရဲ့လက်မှုအနုစိတ်ပညာနဲ့ သေးငယ်တဲ့လူရုပ်လေးတွေကို ပြုလုပ်ခဲ့ပါတယ်။ ကလေးငယ်လေးတွေက လက်ဖဝါးပေါ်တင်ထားရင် လက်ချောင်းတစ်ခုစီစာလောက်ရှိအောင် အရမ်းသေးငယ်လွန်းတာကြောင့် ကိုင်တွယ်ဖို့တောင် ခက်ပါလိမ့်မယ်။

play

ဒီလက်မှုအနုပညာကို သူမရဲ့အဘွားထံကနေ သင်ယူခဲ့တယ်လို့ သိရပါတယ်။ အရုပ်လေးတွေ ပြုလုပ်နေစဉ်အတွင်း စိတ်ကိုတည်တည်ငြိမ်ထားပြီး စိတ်ရှည်လက်ရှည်နဲ့ ပုံသွင်းကာ အသေးစိတ်ဆေးခြယ်ခဲ့ရတယ်လို့ ကမီးလ်က ပြောပါတယ်။

play

 

ကလေးရုပ် ပိစိကွေးလေးတွေမှာ မတူညီတဲ့ ကိုယ်ပိုင်မျက်နှာနဲ့ ခန္ဓာကိုယ်သွင်ပြင်တွေကို ဖန်တီးပြုလုပ်ပေးထားတာ တွေ့ရပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD