Lifestyle: ကြိုးစားမှုကြောင့် မီလျံနာဖြစ်လာခဲ့တဲ့ ၉ နှစ်သမီးလေး

အသက် ၆ နှစ်ကတည်းက မီလျံနာ ဖြစ်လာခဲ့တာပါ။

play

 

မီလျံနာမလေး အစ္စဘယ်လာဘားရက်ဟာ အသက် ၉ နှစ်သာ ရှိသေးပေမဲ့ တန်ဖိုးကြီး ဖိနပ်တွေနဲ့ အဝတ်အစားတွေကို စိတ်ကြိုက် ဝတ်ဆင်နိုင်ပါပြီ။

play

 

ဘယ်လာဟာ ကားအကောင်းစားကြီးနဲ့ သူမစိတ်ကြိုက် ရှော့ပင်ထွက်နိုင်ကာ လတ်ဆတ်တဲ့ ပုဇွန်ထုပ်ကြီးနဲ့ ညစာစား၊ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ပါတီတက်လို့ အထက်တန်းကျတဲ့ ဘဝတစ်ခု ရှိနေပါတယ်။

ဒေါက်မြင့်ဖိနပ်ကြီးစီးပြီး မိတ်ကပ်အထူကြီးလိမ်းထားပေမဲ့ ဘယ်လာဟာ အခုမှ မူလတန်းကျောင်းသူပဲ ရှိပါသေးတယ်။

play

 

အသက် ၆ နှစ်အရွယ်မှာ သူမကိုယ်ပိုင် အဝတ်အစားနဲ့ ရတနာတွေကို စတင်ထုတ်လုပ်ရောင်းချပြီးတဲ့နောက် ဘယ်လာဟာ မီလျံနာတစ်ယောက် ဖြစ်လာတာပါ။

ဒါ့အပြင် သူမဟာ သီချင်းဆိုတဲ့ အလုပ်ကိုလည်း စတင်လုပ်ဆောင်နေပြီး LOL နဲ့ I'm Just a Kid ဆိုတဲ့ သီချင်းတွေကို ထုတ်လွှင့်ထားပါတယ်။

play

 

အခုဆိုရင် သူမဟာ ဖက်ရှင်ကုမ္ပဏီကြီးနှစ်ခုဖြစ်တဲ့ Glitzy Girll နဲ့ Bound By the Crown Couture တို့မှာ အဓိကရှယ်ယာရှင်လည်း ဖြစ်ပါတယ်။

"သမီးရဲ့ အဝတ်အထည်တွေက အရမ်းကို အောင်မြင်ပါတယ်။ အကြီးဆုံး ဖက်ရှင်ရှိုးဖြစ်တဲ့ နယူးယော့ခ် Fashion week မှာ မကြာခင်ကပဲ ဖက်ရှင်ရှိုးတွေ အများကြီး ပြပြီးသွားပြီ။ လျှောက်လမ်းပေါ်မှာ သမီးလျှောက်လှမ်းရပြီး မီးတွေအားလုံးက သမီးရဲ့ ကိုယ်ပေါ်ကျနေတယ်။ သမီးလည်း အရမ်းကိုလှနေတယ်။ အရမ်းကို ပျော်စရာကောင်းခဲ့ပါတယ်" လို့ ဘယ်လာက ပြောပြခဲ့ပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ