Lifestyle: ကိုယ်ပြောတဲ့စကားကို အားလုံးနားထောင်အောင် လုပ်နည်း

နည်းလမ်းက သိပ်ကို လွယ်ပါတယ်။

play

 

အစည်းအဝေးမှာ ဒါမှမဟုတ် စကားဝိုင်းတစ်ခုမှာ ဒါမှမဟုတ် မိန်းကလေးတွေနဲ့ ညစာအတူစားတဲ့အချိန်မှာ ကိုယ်ပြောတာ ဘယ်သူကမှ စိတ်ဝင်တစား နားမထောင်တာလောက် ဆိုးရွားတဲ့အဖြစ် မရှိပါဘူး။

အဲဒီလိုမျိုး နောက်ထပ်ဖြစ်စရာမလိုတော့ပါဘူး။

အီလီနွိုက်စ်တက္ကသိုလ်၊ ဗြိတိသျှကိုလမ်ဘီယာနဲ့ ဟားဘတ်တက္ကသိုလ်တို့က သုတေသီတို့က အသံအနေအထားနဲ့ လူတွေကို စိုးမိုးနိုင်ကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။

လူ ၂၇၄ ယောက်ကို အသံအနေအထားမျိုးစုံကို နားထောင်ခိုင်းပြီး မေးမြန်းလိုက်တဲ့အခါမှာတော့ အသံမကျယ်ဘဲ သြဇာရှိတဲ့အသံက အလွှမ်းမိုးနိုင်ဆုံးဖြစ်တာကို တွေ့ရှိခဲ့ပါတယ်။

play

 

အဲဒါကြောင့် နောက်တစ်ခါ အစည်းအဝေးခန်းထဲမှာ လက်ကို မြှောက်ပြီး အရူးတစ်ယောက်ကို ခြေဖျားထောက်လို့ လူတွေအာရုံရအောင် လုပ်နေမယ့်အစား စိတ်ကို အေးအေးထားပြီး သြဇာအပြည့်ပါတဲ့ အသံနဲ့ ပြောပါ။

မိန်းကလေးတွေနဲ့ တွေ့ရင်လည်း စိတ်လှုပ်ရှားမှု မြင့်တက်လာတာနဲ့ အမျှ အသံက တဖြည်းဖြည်း ကျယ်လာတတ်ပါတယ်။ အဲဒီလို မဖြစ်စေဘဲ အသံကို နှိမ့်ပြီး ပြောဖို့ လိုပါတယ်။

Source & Photos : Cosmopolitan

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ