Lifestyle: အင်တာနက် မပေါ်ခင်က လူတွေအမြဲလုပ်ခဲ့ကြတဲ့ အရာ (၇) ခု

အင်တာနက်မပေါ်ခင်က လူတွေ အမြဲလုပ်ခဲ့ကြတဲ့ အရာတွေဟာ ဒီနေ့ခေတ်မှာ အတော်များများ ပျောက်ဆုံးခဲ့ပါပြီ။

play

 

ယနေ့ ခေတ်ကမ္ဘာကြီးကို သိမ်းပိုက်ထားတာ အင်တာနက်လို့ ဆိုနိုင်ပါတယ်။ အင်တာနက်မှာ ဘာမဆို ရနိုင်တဲ့ အခြေအနေကို ပိုင်ဆိုင်ထားတာကြောင့် လူသားတွေရဲ့ နေ့စဉ် စီပွား၊ လူမှုရေး၊ ပညာရေး ကိစ္စတွေအားလုံးဟာ အင်တာနက်နဲ့ မလွတ်ကင်းကြပါဘူး။

ဒါပေမယ့် အင်တာနက်ဆိုတဲ့ နည်းပညာ ပေါ်မလာခင်က ကျွန်တော်တို့လူသားတွေ တစိုက်မက်မက် လုပ်ခဲ့ကြတဲ့ အရာတစ်ချို့ရှိပါတယ်။ အဲဒါတွေကို ယနေ့ခေတ် လူတွေဆီမှာ မတွေ့နိုင်တော့ပါဘူး။

၁။ အပြင်မှာ ချိန်းတွေ့ကြတယ်

play

 

ချစ်သူရည်းစားတွေမှ မဟုတ်ပါဘူး။ သူငယ်ချင်းမိတ်ဆွေတွေလည်း အားတာနဲ့ အပြင်မှာ ချိန်းတွေ့ကြတာပါပဲ။ အပေါင်းအပါတွေစုပြီး တစ်နေရာရာ သွားကြတာမျိုး အမြဲ လုပ်ကြပါတယ်။

၂။ တီဗီကြည့်တယ်

အဲဒီခေတ်တုန်းကတော့ ရုပ်မြင်သံကြားဆိုတာကို တီဗီရှေ့မှာထိုင်ပြီး မိသားစုလိုက် ကြည့်ကြတာဖြစ်ပါတယ်။ လာသမျှ ဇာတ်လမ်းတွဲတွေ အလွတ်မပေးတတ်ကြပါဘူး။

အခုတော့ အိမ်မှာနေကြတဲ့ မိသားစုတိုင်းဟာ ဖုန်းကိုယ်စီသာ ပွတ်နေကြတော့တာပါ။

၃။ ကြော်ငြာတွေလည်း အလွတ်မပေးဘူး

play

 

အရင်ကဆို ကလေးတွေကအစ၊ လူကြီးတွေအဆုံး တီဗီက လာသမျှ ကြော်ငြာတွေကို မှတ်မိပြီး သိနေတတ်ကြပါတယ်။

၎။ စာပို့ကြတယ်

အရင်တုန်းကတော့ အဝေးမှာ ရောက်နေသူတွေအဖို့ ဖုန်းအဆက်အသွယ် မလွယ်ကူဘူးဆိုရင် စာအပြန်အလှန်ပို့တတ်ကြပါတယ်။ အိမ်ကို စာပို့သမား လာမယ့်ရက်ကို

မျှော်ခဲ့ကြသူတွေလည်း အများအပြားပါ။

၅။ ဗီဒီယိုခွေ ကြည့်ကြတယ်

play

 

ဗီဒီယိုအခွေငှားဆိုင်ကနေ ဗီဒီယိုခွေတွေ ငှားကြည့်တတ်ကြပါတယ်။ နေ့တိုင်းကို ကြည့်တတ်ကြပါတယ်။ ညဘက်ရောက်ရင် တီဗီရှေ့ ထိုင်ရမှကို ကျေနပ်ကြတာမျိုးပါ။

၆။ သတင်းစာဖတ်တယ်

ယနေ့တိုင်လည်း သတင်းစာအချို့က ရှိဆဲပါပဲ။ ဒါပေမယ့် အင်တာနက်ဆိုတာ မထွန်းကားခင်တုန်းကတော့ လူတိုင်းနီးပါးက သတင်းစာက နေ့တိုင်းဖတ်ကြပါတယ်။ ကမ္ဘာကြီးနဲ့ အဆက်မပြတ်ဖို့ဆိုတာ အဲဒီတုန်းက သတင်းစာနဲ့ ရုပ်မြင်သံကြားပဲ ရှိတာပါ။

၇။ ကာတွန်းစာအုပ်တွေ၊ မဂ္ဂဇင်းတွေ ဖတ်တယ်

play

 

အင်တာနက် မကျယ်ပြန့်လာခင်မှာ ကလေးငယ်တိုင်းလိုလို ကာတွန်းစာအုပ်တွေ၊ မဂ္ဂဇင်းတွေ ဖတ်ခဲ့ကြပါတယ်။ ဒီနေ့ခေတ်မှာတော့ ကာတွန်းနဲ့ မဂ္ဂဇင်းတွေလည်း အင်တာနက်မှာ ဖတ်နိုင်နေပါပြီ။

Source : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ