AD
AD
AD
play

 

အသက် တစ်နှစ်ကျော်ကျော် လူမမယ် ကလေးတစ်ယောက်ရဲ့ ခြေထောက်ကို ပလပ်စတစ်ကြိုးနဲ့ ချည်ထားတာကို မြင်ရတာဟာ ရင်နာစရာပါ။ ဒါပေမဲ့ ၁၅ လအရွယ် ကလေးမလေး ရှီဗာနီရဲ့ မိခင်အနေနဲ့ တခြားရွေးချယ်စရာ မရှိခဲ့ပါဘူး။

play

 

ဆာတာကာလာရာက အာမက်ဒါဘက်မြို့က ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုနားမှာ ရှီဗာနီကို လေးပေခွဲ အရှည်ရှိတဲ့ ပလစ်စတစ်ကြိုးနဲ့ ခြေထောက်ကို ချည်ပြီး ကျောက်တုံးတစ်တုံးနဲ့ တွယ်စပ်ထားခဲ့ပါတယ်။ ဒါမှသာ ကလေးက ဝေးဝေးလံလံ လျှောက်မသွားနိုင်မှာ ဖြစ်ပါတယ်။ ကလေးကို ကြိုးချည်ထားရချိန်မှာတော့ ဆာတာနဲ့ သူ့ခင်ပွန်းတို့က ရူပီးငွေ ၂၅၀ (အမေရိကန်ဒေါ်လာ ၃.၇ ခန့်) လောက်စီ ရဖို့အတွက် တစ်နေ့ကို ကိုးနာရီလောက် အလုပ်သွားလုပ်ကြရပါတယ်။ မြို့တော် တနံတလျားက လျှပ်စစ်မီးကြိုးတွေ ပြောင်းရွှေ့ နေရာချဖို့ မြေတူးတဲ့ အလုပ်ကို လင်မယားနှစ်ယောက် ပင်ပင်ပန်းပန်း လုပ်ကိုင်နေချိန်မှာ ရှီဗာနီလေးကို ခေါ်သွားဖို့လည်း မဖြစ်နိုင်ပါဘူး။

play

 

ကလေးမလေးဟာ နေ့အပူချိန် ၄၀ ဒီဂရီ ဆဲလ်စီးယပ်စ်လောက်ထိ မြင့်တက်နေတဲ့ အချိန်မျိုးမှာ ခြေဗလာနဲ့ ဖုံတောထဲမှာ တစ်နေကုန် နေရရှာပါတယ်။ အသက် ၂၃ နှစ်အရွယ် ဆာတာက ဒါမျိုးလုပ်ရတာ ရင်နာပေမယ့် ကလေးရဲ့ လုံခြုံရေးအတွက် တခြားနည်းလည်း မရှိတော့ဘူးလို့ ဖွင့်ဟပါတယ်။

play

 

“သမီးလေး လမ်းပေါ်လျှောက်မသွားအောင် ကျွန်မက အခုလို ကြိုးချည်ထားရတာပါ။ ကျွန်မသားလေးကလည်း သုံးနှစ်ခွဲပဲ ရှိသေးတော့ သူ့ညီမလေးကို မထိန်းတတ်သေးဘူးလေ”လို့ ဆာတာက ဆိုပါတယ်။ သတင်းထောက်နဲ့ တွေ့ဆုံချိန်မှာတော့ ဝမ်းနည်းနေပုံရတဲ့ ဆာတာဟာ သူ့မျက်နှာကို ဆာရီနဲ့ ဖုံးကွယ်ထားရှာပါတယ်။

play

 

အိန္ဒိယမှာတော့ အခုလိုမျိုး ဆင်းဆင်းရဲရဲ ကလေးငယ်တွေ ညစ်ညစ်နွမ်းနွမ်း နေထိုင်ဖြတ်သန်းရတဲ့ မြင်ကွင်းတွေကို နေရာစုံမှာ တွေ့မြင်နေရဆဲပါ။ ကလေးတွေကို မိဘတွေက စိတ်မဖြောင့်ဘဲ ထားခဲ့ရင်း လူချမ်းသာတွေရဲ့ ဇိမ်ခံ တိုက်တာ အဆောက်အအုံတွေ ဆောက်လုပ်ဖို့ အုတ်သယ်၊ မြေတူး အလုပ်လုပ်နေရခြင်းက အိန္ဒိယရဲ့ လူတန်းစား မညီမျှမှုကို ရှင်းရှင်းလင်းလင်း ထင်ဟပ် ပေါ်လွင်စေပါတယ်။

Source : IndiaTimes

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD