Lifestyle: နည်းနည်းပဲ သောက်မယ်ဆိုပြီး ဘီယာဆိုင်သွားတဲ့အခါ အမြဲကြုံရတဲ့ ပြဿနာများ

ဘီယာဆိုင်ကို ရောက်သွားတဲ့အခါ နည်းနည်းပဲ သောက်မယ်ဆိုတဲ့စိတ် ပျောက်သွားတတ်ပါတယ်။

play

 

ရုံးပိတ်ရက်မဟုတ်တဲ့ ရက်သတ္တပတ် ကြားရက်တွေမှာ စိတ်တူကိုယ်တူ သူငယ်ချင်းတွေ စုစည်းပြီး သွားသောက်ချင်စိတ် ပေါက်လာမျိုး ဖြစ်တတ်ပါတယ်။ နောက်နေ့မှာ ရုံးတက်ရဦးမှာဖြစ်လို့ စိတ်လွတ်ကိုယ်လွတ် သောက်စားလို့ မရပြန်ပါဘူး။

ဒီအခါမှာ "တစ်ခွက်၊နှစ်ခွက်လောက် ခဏတဖြုတ်ဝင်သောက်ပြီး ပြန်ကြရအောင်ကွာ" ဆိုတာမျိုးဟာ အပေါင်းအသင်းတွေကြားမှာ အမြဲပြောဖြစ်ကြတဲ့ စကားမျိုးပါ။ အဲဒီလို ခဏလောက်ဝင်သောက်ဖို့ ဘီယာဆိုင်သွားတဲ့အခါ ဖြစ်လာတတ်တာတွေ ရှိပါတယ်။

၁။ သောက်လို့ ကောင်းခြင်း

လွတ်လွတ်လပ်လပ် သောက်လို့မရတဲ့ အခြေအနေမျိုးမှာ သောက်လို့ ပိုကောင်းနေတတ်ပါတယ်။ တစ်ခွက်တစ်ခွက် သောက်ရတာ အရမ်းကို အရသာရှိနေသလိုမျိုးပါ။

၂။ ထပ်မှာမယ်

play

 

တစ်ခွက်နှစ်ခွက်လို့ ပြောထားပေမယ့် တစ်နာရီလောက်အတွင်းမှာပဲ သုံးခွက်မြောက်လောက်ကို ရောက်လာပါတယ်။ ဒါပေမယ့် ဘယ်သူကမှ "ဟေ့ရောင် ပြောထားတဲ့ နှစ်ခွက်ကျော်သွားပြီ" လို့ မပြောပဲ မသိချင်ယောင်ဆောင် ဆက်သောက်နေတတ်ကြပါတယ်။

၃။ နောက်ကျဖို့ အစီအစဉ် စဆွဲပြီ

နာရီဝက်၊ တစ်နာလောက်ပဲ သောက်မယ်လို့ စိတ်ကူးထားပေမယ့် အခုတော့ နောက်ကျလည်း ရပါတယ်ကွာ ဆိုတာမျိုး စတွေးလာပါပြီ။ မထူးတော့ဘူးဆိုတဲ့ စိတ်နဲ့ နောက်တစ်ခွက် ထပ်မှာလိုက်ပါတော့တယ်။

၎။ စကားတွေ များကြပြီ

သင်တို့ အားလုံးနည်းနည်းကောင်းလာကြပါပြီ။ စောစောပြန်မယ်ဆိုတာကိုလည်း မေ့ထားလိုက်ကြပါပြီ။ ဒါနဲ့ပဲ အလုပ်အကြောင်း၊ အချစ်အကြောင်းတွေ စပြောကြပါတော့တယ်။

၅။ ငွေကို ရေလိုသုံးမယ်

play

 

မူးလာတာနဲ့အမျှ သင်ဟာ သိပ်ကိုသဘောကောင်းသူ၊ စေတနာကောင်းသူကြီး ဖြစ်သွားတော့တာပါပဲ။ ဒါနဲ့ပဲ သူများတွေကို ဝယ်တိုက်ဖို့ မတွန့်တိုတော့ပါဘူး။

၆။ ကာရာအိုကေ သွားမယ်

နောက်ကျလည်း မထူးတော့ပါဘူးဆိုတဲ့ အတွေးနဲ့ ကာရာအိုကေသွားဖို့ အပေါင်းအသင်းတွေ စပြီးတိုင်ပင်ကြတော့မှာ ဖြစ်ပါတယ်။ ဒါနဲ့ပဲ ကာရာအိုကေ ဆိုင်သွားရင်ကောင်းမလား၊ ကလပ်သွားရင်ကောင်းမလား ခေါင်းချင်းဆိုင်ကြပါပြီ။

၇။ ထပ်သောက်မယ်

ကိုယ်ဘယ်လောက်မူးနေပြီလဲဆိုတာ သတိမထားမိတော့ပါဘူး။ ဘယ်နှနာရီထိုးပြီလည်းဆိုတာလည်း သင်သတိမထားမိတော့ပါဘူး။ ဒါနဲ့ပဲ ကာရာအိုကေ သို့မဟုတ် ကလပ်ကို ရောက်သွားတော့တာပါပဲ။

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ