Lifestyle: ဒီရှစ်ချက်နဲ့ညီရင် သင်ကသာမာန်လူထက် ပိုပြီးပါးနပ်ချက်ချာတယ်

သင့်ကိုယ်သင် သာမာန်လူတစ်ဦးထက် ပိုတော်နေတယ်ဆိုတာ သတိမထားမိဘူးလား။ ဒီအချက်တွေနဲ့ ကိုက်ညီနေရင်တော့ သင်က လျှမ်းလျှမ်းတောက်အောင်မြင်သူ မဟုတ်သည့်တိုင် သာမာန်လူထက်တော့ ပိုသာတယ်ဆိုတာ သိနိုင်ပါတယ်။

play

 

၁။ ဘာသာစကားတစ်မျိုးထက်ပိုပြောနိုင်တယ်

လေ့လာတွေ့ရှိမှုတစ်ခုအရ ဘာသာစကား တစ်မျိုးထက်ပိုပြောနိုင်သူတွေဟာ အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားနိုင်ခြေ နည်းပါးပြီး ဦးနှောက်ပိုဖွံ့ကာ ဦးနှောက်စွမ်းဆောင်ရည်မြင့်မားပါသတဲ့။ Loki သရုပ်ဆောင် တွမ်ဟစ်ဒယ်လ်စတန်ဟာ အင်္ဂလိပ်၊ စပိန်၊ ပြင်သစ်နဲ့ ဂရိအပါအဝင် ဘာသာစကား ၉ မျိုး ပြောနိုင်သူလို့ သိရပါတယ်။

play

 

၂။ IQ ၁၀၀ အထက်မှာရှိတယ်

ယူကေနိုင်ငံသားတွေရဲ့ ပျမ်းမျှ IQ ဟာ ၁၀၀ ရှိပါတယ်။ သင်နေထိုင်ရာနိုင်ငံက လူတွေရဲ့ပျမ်းမျှ IQ ထက် သင်ကပိုများနေရင်တော့ သင်ဟာ သာမာန်လူမဟုတ်ပါဘူး။

play

 

၃။ မောင်နှမတွေထဲမှာအကြီးဆုံး

မောင်နှမတွေထဲက အကြီးဆုံးတွေဟာ ကိုယ့်အောက်ကမောင်နှမတွေထက် IQ ပမာဏ ၃ မှတ်လောက် ပိုများနေတတ်ပါတယ်။

play

 

၎။ ကြောင်ချစ်သူ

Caroll တက္ကသိုလ်က ကျောင်းသား ၆၀၀ ကို စစ်တမ်းကောက်ယူကြည့်တဲ့အခါ ကြောင်ချစ်သူတွေဟာ ခွေးချစ်သူတွေထက် အမှတ်တွေများများရသူတွေ ဖြစ်နေကြပါတယ်။

play

 

၅။ ဘွဲ့/ဒီဂရီရပြီးပြီ

နိုင်ငံတိုင်းမှာ ဘွဲ့ရပညာတတ် အရေအတွက်က နိုင်ငံလူဦးရေနဲ့ယှဉ်ရင် သိသိသာသာကြီးကို ကွာနေလေ့ရှိပါတယ်။ အချို့တွေဆိုရင် တက္ကသိုလ်ကိုရောက်ပြီးမှ ဘွဲ့တစ်ခုတောင်မရနိုင်သူတွေ အများကြီးပါ။

play

 

၆။ ဘယ်သန်

ကမ္ဘာ့လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းလောက်ကသာ ဘယ်သန်တွေဖြစ်ပါတယ်။ ဘယ်သန်တွေဟာ အခြားလူတွေထက် ပိုပြီးထူးခြားတဲ့လူတွေဖြစ်သလို ပိုထူးချွန်သူတွေလည်း ဖြစ်နေပြန်ပါတယ်။

play

 

၇။ ပူပန်တတ်သူ

စိုးရိမ်ပူပန်တတ်ခြင်းဟာ ထင်သလောက်တော့ မဆိုးရွားပါဘူး။ ပူပန်တတ်တာကြောင့် ကြိုတင်ပြင်ဆင်တာတွေနဲ့ ကြိုးစားအားထုတ်မှုတွေ ပိုလုပ်တတ်ကြပြီး အခြားလူတွေထက် ပိုအောင်မြင်ကြပါတယ်။

play

 

၈။  ပျော်ရွှင်တတ်သူ

ဟာသတွေကို နှစ်သက်ပြီး ပျော်ပျော်ရွှင်ရွှင်နေတတ်သူတွေဟာ အခြားလူတွေထက် ဉာဏ်ရည်ဉာဏ်သွေး ပိုမြင့်မားသူတွေ ဖြစ်နေတတ်ပါတယ်။

Source : Indy100

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ