Lifestyle: ဖေ့စ်ဘွတ် စွဲနေပြီဆိုတာ သေချာစေတဲ့ လက္ခဏာ (၈) ခု

သင့်ကိုသင် ဖေ့စ်ဘွတ်နဲ့ အခြားလူမှုကွန်ယက်တွေကို စွဲလန်းမိနေပြီလို့ ထင်မိရင် ဒီအချက်တွေနဲ့ တိုက်ကြည့်လိုက်ပါ။

play

 

လူသားတွေရဲ့ နေ့စဉ်ဘဝမှာ အရေးပါ၊ အရာရောက်တဲ့ အစိတ်အပိုင်းတစ်ရပ်လို ဖြစ်လာတာ အင်တာနက် လူမှုကွန်ယက်တွေဖြစ်ပါတယ်။ အချို့က ပျော်ရွှင်မှုနဲ့ ဗဟုသုတ ရှာဖွေဖို့ သုံးစွဲကြပြီး အချို့ကတော့ စီပွားရေး လုပ်ငန်းအတွက် သုံးစွဲကြပါတယ်။

တူညီတာ တစ်ခုတော့ လူမှုကွန်ယက်တွေဟာ ယနေ့ လူသားတွေကို အတော်အတန် လွှမ်းမိုးထားနိုင်တယ်ဆိုတာပါပဲ။ လူမှုကွန်ယက်ကို မသုံးရ မနေနိုင်အောင် ဖြစ်နေတာမျိုး သို့မဟုတ် စွဲလန်းနေတဲ့  လက္ခဏာမျိုးတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ အိပ်ယာနိုးတာနဲ့ သုံးမယ်

play

 

ဒါဟာ လူမှုကွန်ယက် စွဲလန်းခြင်းရဲ့ အစပါပဲ။ မနက်နိုးတာနဲ့ အိပ်ယာက မထသေးခင် ဘေးနားက ဖုန်းကိုအရင်ကောက်ကိုင်ပြီး ဖေ့စ်ဘွတ်၊ တွစ်တာ၊ အင်စတာဂရမ်တွေ အရင်ကြည့်မယ်ဆိုရင် သင်လူမှုကွန်ယက်ကို စပြီး စွဲလန်းနေပါပြီ။

၂။ ဘာမှ လုပ်စရာ မရှိလည်း ကြည့်တယ်

ဘာမှ ထွေထွေထူးထူး လုပ်စရာမရှိလည်း အားတာနဲ့ ဒါပဲဖွင့်ပြီး ကြည့်နေတတ်ကြပါတယ်။

၃။ Check-In ဝင်တယ်

ရောက်တဲ့နေရာတိုင်း Check-In ဝင်တယ်။ တစ်နေ့ကို အနည်းဆုံး နှစ်ခါလောက်တော့ ဒါမျိုး လုပ်မယ်။

၎။ တွေ့တဲ့နေရာ ဓာတ်ပုံရိုက်မယ်

play

 

သန့်စင်ခန်းထဲပဲရောက်ရောက်၊ မုန့်ဆိုင်ပဲ ရောက်ရောက်ဓာတ်ပုံရိုက်ပြီး အင်တာနက်ပေါ်တင်ဖို့ အမြဲသတိရနေမယ်ဆိုရင် သင်လူမှုကွန်ယက်ကို စတင်စွဲလန်းနေပါပြီ။

၅။ Notifications အသံ နားထဲကြားယောင်နေမယ်

တစ်ခါတစ်ရံ သင့်ရဲ့ဖုန်းက Notifications အသံတက်လာသလို နားထဲ ကြားယောင်နေတတ်ပါတယ်။ ဒါဆိုရင်တော့ လူမှုကွန်ယက်စွဲလန်းမှုဟာ သေချာသွားပါပြီ။

၆။ သူငယ်ချင်းတွေ အင်တာနက်ပဲ ဆက်သွယ်ကြတယ်

ဖုန်းနံပတ်တွေရှိပေမယ့် သူငယ်ချင်းတွေအချင်းချင်း ဖေ့စ်ဘွတ်ကပဲ တဆင့် ဆက်သွယ်မယ်ဆိုရင်လည်း သင်ဟာ လူမှုကွန်ယက်ကို လွန်လွန်ကျူးကျူး သုံးစွဲသူ ဖြစ်နေပါပြီ။

၇။ ဝိုင်ဖိုင်မရှိရင် မနေတတ်ဘူး

play

 

အင်တာနက်မရတဲ့နေရာ၊ ဝိုင်ဖိုင်မရှိတဲ့နေရာမှာ သင်ကြာကြာ မနေတတ်တော့ပါဘူး။

၈။ ဘာတင်ရမလဲ အမြဲစဉ်းစားမယ်

တစ်နေ့တစ်နေ့ ဖေ့စ်ဘွတ်မှာ၊ အင်စတာဂရမ်မှာ ဘယ်လိုဓာတ်ပုံနဲ့ ဘယ်လိုအကြောင်းအရာမျိုး တင်ရမလဲဆိုတာပဲ စဉ်းစားနေရင်လည်း သင်စွဲလန်းနေပါပြီ။

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ