AD
AD
AD
play

 

ဒီကနေ့ ကျရောက်တဲ့ ကဆုန်လပြည့်နေ့ကို ဖေ့စ်ဘွတ်ကလည်း ဆုမွန်ကောင်းနဲ့ ပါဝင်ဆင်နွှဲလိုက်ပါတယ်။ မေလ ၂၁ ရက်နေ့ကစပြီး ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့ timeline ပေါ်မှာ ယခုလိုစာသားနဲ့ ပုံလေးကိုမြင်ရမှာ ဖြစ်ပါတယ်။

ခရမ်းရောင်နောက်ခံပေါ်မှာ ကြာပွင့်ကြီးပေါ်ကဖယောင်းတိုင်ကို ထွန်းညှိနေကြသူတွေနဲ့အတူ ဆုတောင်းပေးထားတာပါ။ " ဗုဒ္ဓရဲ့ဘဝနဲ့ သင်ကြားမှုတွေအတွက် ဖေ့စ်ဘွတ်ကလည်း ပါဝင်ဆင်နွှဲကြမှာဖြစ်ပြီး သင့်ကိုလည်း ငြိမ်းချမ်းတဲ့နေ့လေးတစ်နေ့ ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်" ဆိုတဲ့ စာသားနဲ့ ဖော်ပြထားတာပါ။

play

 

ကဆုန်လပြည့်နေ့ဟာ ဂေါတမမြတ်စွာဘုရား ဖွားမြင်တဲ့နေ့ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်တစ်ခုလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ကဆုန်လပြည့်နေ့မှာ ကဆုန်ညောင်ရေသွန်းပွဲကို ပြုလုပ်ကြပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD