Lifestyle: ကမ္ဘာတစ်လွှားမှ ပြုံးချင်စရာ ဥပဒေများ

အချို့နိုင်ငံတွေရဲ့ ဥပဒေအချို့က သိလိုက်ရသူတွေအတွက် ရယ်စရာဖြစ်နေတတ်ပါတယ်။

play


နိုင်ငံတိုင်းမှာ ဥပဒေတွေ ရှိကြပါတယ်။ အချို့နိုင်ငံတွေရဲ့ ဥပဒေအချို့က သိလိုက်ရသူတွေအတွက် ရယ်စရာဖြစ်နေတတ်ပါတယ်။

ထိုင်း
အတွင်းခံ အဝတ်အစား မဝတ်ဘဲ အပြင်ထွက်ရင်၊ ပီကေကို လျှောက်လမ်းမှာ ချမိရင် ဒဏ်ရိုက်ခံရပါမယ်။

ဆမ်မာအို
ဇနီးဖြစ်သူရဲ့ မွေးနေ့ကို မေ့နေခဲ့ရင် ရာဇဝတ်မှုမြောက်ပါတယ်။

ဂျပန်
အဝလွန်သူဟာ ဥပဒေနဲ့ဆန့်ကျင်ရာရောက်ပါတယ်။

ကနေဒါ
ပစ္စည်းတစ်ခု ဝယ်ယူတဲ့အခါ ငွေအကြွေစေ့ချည်းပဲ ပေးခွင့်မရှိပါဘူး။ အထူးသဖြင့် ၁၀ ဒေါ်လာကျော် ကျသင့်တဲ့အခါမျိုးမှာပါ။

ပြင်သစ်
နာမည်ကြီး သိပ္ပံရုပ်ရှင်ဇာတ်ကား E.T. ထဲက အဓိက ဇာတ်ကောင် ဂြိုဟ်သားပုံတူ ကလေးကစားစရာ ရောင်းချမှုက ပြင်သစ်မှာဥပဒေချိုးဖောက်ရာ ရောက်ပါတယ်။ ပြင်သစ်မှာ လူသားမျက်နှာနဲ့ မဟုတ်တဲ့ ကလေးကစားစရာ အရုပ်တွေ ရောင်းချခြင်းကို ဥပဒေဖြင့် တားမြစ်ပိတ်ပင်ထားပါတယ်။

play


ကယ်လီဖိုးနီးယားပြည်နယ် (အမေရိကန်)
ကယ်လီဖိုးနီးယားပြည်နယ် ဥပဒေအရ ကြာသပတေးနေ့ ညနေ ၆ နာရီနောက်ပိုင်း အများပြည်သူရှိရာ နေရာမှာ လေလည်လို့ မရပါဘူး။

တရုတ်
လူတစ်ဦးဟာ ကောလိပ်ကျောင်းတက်နိုင်အောင် ဉာဏ်ရည်ဉာဏ်စွမ်းရှိရမယ်လို့ သတ်မှတ်ထားပါတယ်။

ဖိလစ်ပိုင်နဲ့ ဗာတီကန်
လင်မယား ကွာရှင်းခြင်းကို ဥပဒေနဲ့ဆန့်ကျင်မှုအဖြစ် သတ်မှတ်ထားပါတယ်။

မင်နီဆိုတားပြည်နယ် (အမေရိကန်)
မင်နီဆိုတားပြည်နယ်မှာ အမျိုးသားဝတ်နဲ့ အမျိုးသမီးဝတ် အတွင်းခံတွေကို ကြိုးတန်တစ်ခုတည်းမှာ အတူတူလှန်းထားရင် ဥပဒေချိုးဖောက်တာပါ။

play

စင်ကာပူ
ပီကေဝါးခြင်း တားမြစ်တဲ့ ဥပဒေကို စင်ကာပူမှာ ၁၉၉၂ ခုနှစ်ကတည်းက ထုတ်ပြန်ထားခဲ့ပါတယ်။

ဗစ္တုိးရီးယား (ၾသစေၾတးလ်)
တရားဝင် လိုင်စင်ရသူ လျှပ်စစ်ကျွမ်းကျင်သူ မဟုတ်ဘဲ မီးလုံး၊ မီးချောင်းကို လဲလှယ်ပါက ဥပဒေချိုးဖောက်တာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်
စာမေးပွဲမှာ စာခိုးချတဲ့ အသက် ၁၅ နှစ်နဲ့အထက် ကလေးတွေကို ထောင်ထဲပို့နိုင်တဲ့ ဥပဒေရှိပါတယ်။

ပြင်သစ်
သေဆုံးပြီးသား လူတစ်ယောက်ကို ပြင်သစ်မှာ တရားဝင် လက်ထပ်ထိမ်းမြားလို့ ရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ