Lifestyle: အလုပ်မှာ စိတ်ပါဝင်စားမှု ပြန်ရှိအောင် လုပ်ရမယ့် အဆင့် ၅ ဆင့်

တစ်ခါတလေမှာ ဘာမှ လုပ်ချင်ကိုင်ချင်စိတ်မရှိအောင် စိတ်ဓာတ်ကျရတဲ့အချိန်တွေ ရှိပါတယ်။

play

 

ဝန်ထမ်းဘဝဟာ နေ့တစ်ဓူဝ အလုပ်တွေ အမြဲတစေလုပ်ရတဲ့အတွက် ငြီးငွေ့လာတဲ့အချိန်တွေ ရှိပါတယ်။ အထူးသဖြင့် အလုပ်တွေနဲ့ ပိလာပြီး ကိုယ်ပိုင်အချိန် မရှိတော့တဲ့အခါမျိုးမှာ အလုပ်လုပ်ချင်စိတ် ပျောက်ဆုံးကုန်ကြပါတယ်။ အဲဒီလို ဖြစ်နေပြီဆိုရင်တော့ ဒီအဆင့် ၅ ဆင့်ကို လုပ်ဆောင် ကြည့်လိုက်ပါ။

၁။ အနားယူလိုက်ပါ

အလုပ်တွေက ဘယ်လိုမှ အနားယူလို့မရအောင် များပြားနေတယ်လို့ ထင်ရပေမဲ့ သင် တကယ်နားချင်ရင် နားလို့ရပါတယ်။ သင် နေမကောင်းဖြစ်ခဲ့ချိန်၊ မိသားစု အရေးပေါ်ကိစ္စဖြစ်ခဲ့ချိန်မှာ ခွင့်ယူခဲ့တာတွေကို စဉ်းစားကြည့်ပါ။ ရနေတာပဲ မဟုတ်ဘူးလား။ အဲဒီတော့ အားသစ်အင်သစ်တွေ ပြန်ရဖို့ အလုပ်က ခွင့်တစ်ရက်လောက်ယူပြီး သူငယ်ချင်းတွေနဲ့ ပျော်စရာတစ်ခုခုဖန်တီးတာ၊ ခရီးထွက်တာလို့ လုပ်လိုက်ပါ။

၂။ သေချာစဉ်းစားပါ

အနားယူနေစဉ်မှာ လက်ရှိအလုပ်ကို စတင်လုပ်ခဲ့စဉ်ကအကြောင်း စဉ်းစားပါ။ ဘယ်အရာကို သင်စိတ်အလှုပ်ရှားဆုံးလဲ။ ဘာကို သင် သင်ယူချင်တာလဲ။ အနာဂတ်ရည်မှန်းချက်ကဘာလဲ။ ဘယ်လို အတွေ့အကြုံတွေ ရခဲ့လဲ။ အဲဒီလို ပြန်စဉ်းစားချိန်မှာ အလုပ်အပေါ် စိတ်ဝင်စင်စားမှု ပြန်ဖြစ်လာနိုင်ပါတယ်။

play

 

၃။ အခုနဲ့ ဘာကွာခြားလဲ

အခု လက်ရှိအချိန်ကို ပြန်သွားဖို့ အချိန်တန်ပါပြီ။ အခုချိန်ထိ စိတ်ပါဝင်စားမှု မရှိသေးဘူးဆိုရင် အရင်နဲ့အခု သင်ဘာကွာခြားသွားလဲ တွေးကြည့်ပါ။

အခုချိန်မှာ သင့်မှာ တာဝန်တွေ ပိလွန်းနေပြီလား၊ သင် သတ်မှတ်ထားတဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို မရနိုင်ဖြစ်နေသလား၊ ဘာမှ မသင်ယူဖြစ်ဘဲ တစ်မျိုးထဲကိုပဲ ထပ်ခါထပ်ခါ လုပ်နေရသလား။

အရင်နဲ့ အခု ကွာခြားကို သင်သိနိုင်ပြီဆိုရင် တိုးတက်အောင်လုပ်ဖို့ လိုလာပြီဆိုတာ သင် ရှင်းရှင်းလင်းလင်း သိလာပါလိမ့်မယ်။

၎။ ပြောင်းလဲမှုပြုလုပ်ပါ

တစ်နေ့မှာ အဆင်ပြေသွားမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ထိုင်ပြီး စိတ်ညစ်မနေပါနဲ့။ သင်ဘာလိုချင်လဲ သင်သိပါတယ်။ အဲဒီတော့ အခုပဲ စလုပ်လိုက်ပါ။

play

 

၅။ နောက်ထပ်တစ်ကြိမ် အနားယူဖို့ အစီအစဉ်ချပါ

ပုံမှန် အနားပေးပြီးတော့ သင့်ရဲ့ စိတ်အားထက်သန်မှုကို ပံ့ပိုးပေးဖို့ လိုပါတယ်။ အဲဒါဆိုရင် စိတ်ကျေနပ်မှု အမြဲ ရရှိပြီး စိတ်ချမ်းသာ ရပါမယ်။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ