Lifestyle: အသက်နှစ်ဆယ် ကျော်ရင် ဒီ (၅) ချက်ကို သတိရပါ

အသက် နှစ်ဆယ်ကျော်လို့ ဘဝထဲ ဝင်တော့မယ်လူငယ်တွေ သိသင့်တဲ့ အချက်လေးတွေပါ။

play

 

အိုင်ဒီယာ

အိုင်ဒီယာကောင်းဆယ်ခုထက် တကယ်ပြီးအောင်လုပ်ဖြစ်တဲ့ သာမန်အိုင်ဒီယာတစ်ခုက သင့်အတွက် ပိုအရေးပါပါတယ်။ စိတ်ကူးကောင်းတွေ၊ အစီစဉ်ကောင်းတွေ မြောက်များစွာ ခေါင်းထဲမှာ ရှိနေပြီး သူငယ်ချင်းတွေနဲ့ တိုင်ပင်ကာ ပီတိဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ အသက် ၃၀ သာ ကျော်သွားတယ် တကယ်မလုပ်ဖြစ်ဘူးဆိုတဲ့ လူတွေ မြောက်များစွာ ရှိပါတယ်။ ဒီလူတွေလိုမဖြစ်ရအောင် စိတ်ကူးကောင်းမြောက်များစွာ တွေးနေတာထက် တကယ်အကောင်ထည်ပေါ်မယ့် အစီစဉ်တစ်ခုကို ရွေးချယ်လုပ်ကိုင်သင့်ပါတယ်။

မိသားစု

play

 

ဘယ်မိသားစုကမှ ပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ ဒါပေမဲ့ သင်ရရှိထားတဲ့ မိသားစုနဲ့ ငြိမ်းချမ်းစွာ နေနိုင်ဖို့ အရေးကြီးပါတယ်။ တစ်ချို့ မိသားဘဝပုံစံက မကောင်းပါဘူး။ ဒါကို အတင်းလက်ခံခိုင်းတာ မဟုတ်ပါဘူး။ သင့်ရွေးချယ်တဲ့ ဘဝကို သင်တာဝန်ယူပြီး တခြားလူတွေပေါ်အပြစ်ပုံချတာမျိုး မလုပ်ဖို့ပါ။ အဆုံးမှာ သင်ပဲ စိတ်ဆင်းရဲရပါလိမ့်မယ်။

ဆက်ဆံရေး

play

 

လက်တွဲဖော်နဲ့ဆက်ဆံရေး၊ အပေါင်းအသင်းတွေနဲ့ဆက်ဆံရေး၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရေး ဒီလိုဆက်ဆံရေးပေါင်းများစွာကြောင့် သင်စိတ်အနှောင့်အယှက် အမြဲဖြစ်နေရပါမယ်။ ဒါပေမဲ့ သူတို့ကို စွန့်ခွာသွားတာ၊ သူတို့ဆီက ထွက်ပြေးတာတော့ မလုပ်လိုက်ပါနဲ့။ စိတ်အနှောင့်အယှက်ဖြစ်စရာတွေ ရသလို ပျော်ရွှင်တာတွေလည်း သူတို့ဆီက ရတယ်မဟုတ်လား။ 

ပိုက်ဆံ

ပိုက်ဆံများများရရင် ပြဿနာများများကို ဖြေရှင်းနိုင်မယ်၊ ပိုက်ဆံတွေ မြန်မြန်ရလာရင် ပြဿနာတွေ မြန်မြန်ဖြေရှင်းနိုင်မယ်ဆိုတဲ့ အတွေး မျိုး မဝင်မိပါစေနဲ့။ သင့်ဝင်ငွေ၊သင့်ဘဝအခြေအနေကိုလိုက်ပြီး ပြဿနာတွေကလည်း ဗားရှင်းမြင့်လာပါလိမ့်မယ်။ အရေးကြီးဆုံးက ပိုက်ဆံမဟုတ်ပါဘူး။

အောင်မြင်မှု

နေ့ချင်းညချင်းအောင်မြင်တယ်ဆိုတာ မရှိပါဘူး။ သင့်စိတ်ကို အားဖြစ်အောင် ရေးထားတဲ့စာအုပ်တွေကလည်း အောင်မြင်ခဲ့သူတွေရဲ့ အားဖြစ်စရာ အပိုင်းတွေကိုပဲ ကွက်ပြီးပြောထားတာပါ။ တကယ်တမ်းအရေးကြီးတာက ဇွဲပါ။ သင့်ရွေးချယ်တဲ့ လမ်းကြောင်းကို ဘယ်လောက်ဇွဲရှိရှိနဲ့ ဖက်တွယ်ထားနိုင်သလဲဆိုတာပါ။ မရွေးချယ်ခင် သေချာဆုံးဖြတ်ဖို့လည်း လိုပါတယ်။ အရမ်းချစ်ရတဲ့လူလို ဘယ်လောက်ဆိုးဆိုး ကျေနပ်တယ်ဆိုမှ ဒီလမ်းကြောင်းကို ရွေးပါ။

Photos & Source: Elite Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ