AD
AD
AD
play

 

မြင်းကို အလှမွေးလိုသူတွေနဲ့ မြင်းစီးသမားတွေကတော့ သူ့ကိုကြည့်ပြီး သဘောတွေကျနေကြပါတယ်။ ဒီလိုမြင်းခန့်ခန့်မျိုးက မြင်ရဖို့လည်း ခဲယဉ်းပါသတဲ့။

play

 

ဖရက်ဒရစ်ဆိုတဲ့ မြင်းကြီးဟာ အခြားမြင်းတွေနဲ့မတူဘဲ တောက်ပြောင်နက်မှောင်တဲ့ အမွေးတွေနဲ့ သန်မာတဲ့မြင်းကြီးတစ်ကောင်ပါ။  ထူးခြားတဲ့ လည်ဆံမွေးဖားဖားကြီးတွေကလည်း ဆံပင်သန်စွမ်းတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ကေသာတွေလိုပါပဲ။

play

 

ဒီမြင်းကြီးက မြင်းချောမြင်းလှမို့ သားစပ်ချင်သူတွေကလည်း မကြာခဏငှားရမ်းလေ့ရှိပါတယ်။ ဖရက်ဒရစ်ရဲ့ ဝင်ငွေကတော့ မနည်းပါဘူး။ တစ်ခါသားစပ်ရင် သြစတြေးလျဒေါ်လာ ၇၅၀၀ တောင် ရပါသတဲ့။

play

 

ဖရက်ဒရစ်ရဲ့ အမည်အပြည့်အစုံကို Frederik The Great လို့ သူ့ရဲ့သခင်က ခေါ်တွင်စေခဲ့ပါတယ်။ သူ့ရဲ့မြင်းကြီးနာမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာလည်း ဖွင့်ထားပြီး အမေရိကန်သားတွေကတော့ ဖရက်ဒရစ်ရဲ့ပုံတွေကိုကြည့်ကာ သဘောအကျကြီး ကျနေကြတယ်လို့ ဆိုပါတယ်။

Source : Frederik The Great Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD