Lifestyle: စိတ်ကူးယဉ်ဘဝကို လက်လွှတ်လိုက်ရတဲ့အခါ ဘယ်လိုနေထိုင်မလဲ

ဘဝဆိုတာ ကိုယ်မျှော်လင့်တိုင်းလည်း ဖြစ်ချင်မှ ဖြစ်တာမျိုးလေ။

play

 

ကလေးဘဝတုန်းက ငါကြီးရင် ဘာလုပ်မယ်ဆိုပြီး စိတ်ကူးယဉ်လို့ ဘဝကို စခဲ့ကြတယ်။ ကျွန်မတို့မှာ မျှော်လင့်ချက်တွေ အများကြီးရှိတယ်။ ဒါပေမဲ့ လက်တွေ့ဘဝမှာ အားလုံးမဖြစ်နိုင်ပါဘူး။ ဘဝဆိုတာ အကွေ့အကောက်များလွန်းတယ်။ လမ်းကြောင်းသစ်တွေ ထွင်ဖို့ ဦးတည်ချက်တွေ ပြောင်းလဲသင့်ရင် ပြောင်းလဲရတယ်။ ကျွန်မတို့ခေါင်းထဲမှာ ရိုက်ထည့်ထားတဲ့ ဖြစ်ချင်တဲ့ပုံစံအတိုင်း ဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး။ ဖြစ်လာတဲ့အရာတွေက ကောင်းတာတွေရှိသလို မကောင်းတာတွေလည်း ရှိတယ်။

ဒါဆို မျှော်လင့်မထားတဲ့၊ မဖြစ်ချင်တဲ့အရာတွေ ဖြစ်လာခဲ့ရင် ဘယ်လိုလုပ်မလဲ။

သင်စိတ်ကူးထားသလို သင့်ဘဝက မဖြစ်နိုင်ဘူးဆိုတာ သိတဲ့အခါ သင်ဘယ်လို တုံ့ပြန်မလဲ။

play

 

၁။ သင့်အတွက် စီစဉ်ထားတဲ့ဘဝကို ဆုံးရှုံးလိုက်ရတဲ့အတွက် ငိုကြွေးလို့ရပါတယ်

ဘဝဆိုတာ အကောင်းဆုံးတွေချည်းပဲ ဖြစ်မလာပါဘူး။ တစ်ခါမှာ စိတ်ကူးမထားတာတွေက ဖြစ်လာတယ်။ ကိုယ်လိုချင်တဲ့ ဘဝကို လက်လွှတ်လိုက်ရပြီဆိုတာကို သိလိုက်ရချိန်မှာ အရမ်းကို ခံစားရပါတယ်။ ငါ့ကျမှ ဘာလို့ဖြစ်တာလဲ။ ငါလိုချင်တာ ဘာလို့မရတာလဲလို့ ကြေကွဲခံစားမိလာတယ်။ ခံစားလိုက်ပါ။ ပြီးရင်တော့ လုပ်စရာရှိတာကို ဆက်လုပ်ပါ။

play

 

၂။ လက်တွေ့ဘဝကို လက်ခံနိုင်ဖို့ အချိန်ရောက်လာရမယ်

ကိုယ်ဖြစ်ချင်တာ ဖြစ်မလာရဘူး၊ ဘဝရဲ့ခါးသီးမှုတွေကို ခံစားရပြီ။ စိတ်တွေရှုပ်ထွေးပြီး ဒေါသတွေလည်း ထွက်ရတယ်။ စိတ်ပျက်စရာတွေ ကြုံတွေ့ရတဲ့အခါ ဒီလိုခံစားရတာ သဘာဝပါ။ ဒါပေမဲ့ ရေရှည်ခံစားနေလို့တော့ အဆင်မပြေပါဘူး။ လက်တွေ့ဘဝကို လက်ခံဖို့အချိန်ဆိုတာ ရောက်လာရပါမယ်။ ဘဝဆိုတာ ကိုယ်တွေးထားတာထက် ပိုနာကျင်စရာတွေ၊ စိတ်ညစ်စရာတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းဖို့ လိုပါသေးတယ်။ ကောင်းမွန်စွာ နေထိုင်ဖို့အတွက် ထွက်ပေါက်ကို ရအောင်ရှာရပါမယ်။

play

 

၃။ လက်ရှိဖြစ်ပေါ်နေတဲ့ အလှတရားကို မြင်အောင် ကြည့်ပါ

ပစ္စုပ္ပန်တည့်တည့် နေတတ်အောင် ကျင့်ဖို့ဆိုတာ အခက်ခဲဆုံးအရာပါ။ ကိုယ်မှားခဲ့တဲ့ အမှားတွေကို စဉ်းစားငိုကြွေးရင်း ဘဝကို ကုန်လွန်စေတော့မှာလား။ ကိုယ့်ကို အားပေးနေတဲ့ မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်းတွေရဲ့ အချစ်တွေ ရှိနေတာပဲ။ ကိုယ့်ဘဝမှာ ရှိတဲ့ ကောင်းတဲ့အရာတွေကို အာရုံစိုက်ပါ။ မှောက်သွားတဲ့ နို့တစ်ခွက်အတွက် ငိုကြွေးမနေပါနဲ့တော့။ ပြန်မရနိုင်တော့ပါဘူး။ ဘဝမှာ အရေးကြီးဆုံးက ပျော်ရွှင်စွာ အသက်ရှင်နေထိုင်နိုင်ဖို့ပဲ မဟုတ်လား။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ