Lifestyle: မရှိမဖြစ်ဆောင်ထားသင့်တဲ့ မီးဖိုချောင်သုံး ပစ္စည်းများ

, updated

ဒီလို ဘက်စုံအသုံးဝင်တဲ့ ပစ္စည်းလေးတွေနဲ့ မိမိစိတ်ကြိုက် စားသောက်ဖွယ်ရာများကို အိမ်မှာပဲ လွယ်လွယ်ကူကူ ပြုလုပ်နိုင်မှာပါ။

မိုးရာသီကာလ မိုးအေးအေးအချိန်မှာ အိမ်မှာနေရင်း မိသားစုနဲ့အတူ စိတ်ကြိုက် ဟင်းဖြစ်စေ၊ မုန့်ဖြစ်စေ ပြုလုပ်လိုသူတွေ ဈေးနှုန်းသက်သာပြီး ဘက်စုံအသုံးဝင်တဲ့ မီးဖိုချောင်သုံး ပစ္စည်းလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

ဒီလို ဘက်စုံအသုံးဝင်တဲ့ ပစ္စည်းလေးတွေနဲ့ မိမိစိတ်ကြိုက် စားသောက်ဖွယ်ရာများကို အိမ်မှာပဲ လွယ်လွယ်ကူကူ ပြုလုပ်နိုင်မှာပါ။

၁။ 8 in 1 Kitchen Tool

play

 

8 in 1 Kitchen Tool ကြည့်ရန်။

Celebrity ကနေ ရောင်းချပေးနေတဲ့ ဒီ 8 in 1 kitchen tool လေးကတော့ သူရဲ့ပုလင်းပုံစံပစ္စည်းကို ဖြန့်ချလိုက်တာနဲ့ လိုအပ်သလို (၈) မျိုးလောက် သုံးလို့ရမှာဖြစ်တဲ့အတွက် အိမ်ရှင်မတွေအတွက် ဘယ်လောက်အသုံးဝင်မလဲဆိုတာ ပြောစရာမလိုတော့ပါဘူး။ ရောင်းဈေးကတော့ ကျပ် ၈,၅၀၀ ပါ။ ဝယ်မယ်ဆိုရင် အိမ်တိုင်ရာရောက် အခမဲ့ ပို့ဆောင်ပေးမှာပါ။

၂။ Potatoes Spiral Cutter

play

 

Potatoes Spiral Cutter ကြည့်ရန်။

Online shopping ygn  ကနေ ရောင်းဈေး ကျပ် ၁၄,၅၀၀ နဲ့ ရောင်းချပေးနေတဲ့ potatoes spiral cutter လေးကို အိမ်မှာဆောင်ထားလိုက်ရင် အားလူးအလုံးကြီးတွေကို ရေးဆေးပြီး အလွယ်တကူ အခွံနွှာကာ ပုံမပျက် ချက်ပြုတ် စားသောက်နိုင်ပြီပေါ့။ ဒါ့အပြင် အားလူးပိုးတီမုန့်ကို ဒီအတိုင်းပဲဖြစ်ဖြစ်၊ ကြက်အူချောင်း အစာသွပ်ပြီးပဲဖြစ်ဖြစ် တဝကြီးလုပ်စားလို့ရပြီပေါ့။

၃။ Nicer Dicer Plus

play

 

Nicer Dicer Plus ကြည့်ရန်။

Mandalay online sales ကနေရောင်းချပေးနေတဲ့ ဒီ Nicer dicer plus လေးကတော့ နေ့စဉ် ချက်ပြုတ်တဲ့အခါမှာ လှီးဖြတ်ခြစ်ရတဲ့ အချိန်ကို သက်သာစေမှာပါ။ ဒါကြောင့် တန်ဖိုးရှိလှတဲ့ အချိန်တွေကို ချက်တာပြုတ်တာ တစ်ခုတည်းနဲ့ နေ့တစ်ပိုင်း အချိန်ကုန်မသွားစေဖို့

နည်းလမ်းမျိုးစုံ အသုံးဝင်ပြီး မျိုးစုံသုံး ပစွည်း ၁၂ မျိုးအထိ ပါဝင်တဲ့ Nicer Dicer Plus လေးကို ရောင်းဈေး ကျပ် ၁၂,၀၀၀ နဲ့ရောင်းပေးနေပါတယ်။

ချက်ပြုတ်ဖို့အတွက် ပြင်ဆင်စရာလိုအပ်တဲ့ အသီးအရွက်နဲ့ အစေ့တွေကို ဒီစက်လေးနဲ့ အလွယ်တကူ ပြုလုပ်နိုင်မှာပါ။ ခရမ်းချဉ်သီး၊ သခွားသီး ကြက်သွန်နီ၊ မှို နဲ့ အခြား အသီးအနှံမျိုးစုံအပြင် အာလူးနဲ့ မုန်လာဥလို အသီးအနှံတွေအတွက်လည်း အသုံးပြုနိုင်ပါတယ်။ ဖြုတ်တပ်ရ လွယ်ကူရုံသာမက ဓားရဲ့ အရည်အသွေးကောင်းမွန်မှုလည်း အာမခံထားပါတယ်။

၎။ Slap Chop

play

 

Slap Chop ကြည့်ရန်။

Toly Moly ကနေ ကျပ် ၄,၀၀၀ မျှနဲ့ ရောင်းချပေးနေတဲ့ Slap Chop ကြက်သွန်လှီးစက်လေးဟာ အိမ်ရှင်မများအတွက် မီးဖိုချောင်မှာ မရှိမဖြစ် ဆောင်ထားသင့်ပါတယ်။ အချိန်ကုန်သက်သာပြီး သုံးရလွယ်ကူပါတယ်။

၅။ One Minute Meat Grinder

play

 

One Minute Meat Grinder ကြည့်ရန်။

SP Plastics & Home Appliances က ရောင်းချပေးတဲ့ One Minute Meat Grinder ဟာဆိုရင် အသားများကို (၁) မိနစ်အတွင်း ကြေညက်စွာကြိတ်နိုင်ပါတယ်။ ရောင်းဈေးကတော့ ကျပ် ၂၂,၀၀၀ ဖြစ်ပါတယ်။

+++

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ