AD
AD
AD
play

 

ဘယ်သူ့သားလဲ

အဖေက အလိမ်အညာဖော်စက်တစ်လုံးကို ဝယ်လာသည်။ ထိုစက်က လိမ်ပြောရင် ပါးရိုက်သည်။

အဖေ - သား ကျောင်းချိန်မှာ မင်းဘယ်တွေ လျှောက်သွားနေတာလဲ။

သား  - ဘယ်မှ မသွားပါဘူး။ ကျောင်းမှာရှိပါတယ်အဖေ။ (အလိမ်ဖော်စက်က သားဖြစ်သူကို ပါးရိုက်သည်။)

သား - မဟုတ်ပါဘူး အဖေ၊ သား ကွန်ဖူးပန်ဒါကြည့်နေတာပါ။ (အလိမ်ဖော်စက်က သားဖြစ်သူကို ပါးထပ်ရိုက်သည်။)

သား -  သား အမှန်တိုင်းပြောပါ့မယ်၊ မကောင်းတဲ့ ဗီဒီယိုတွေ ကြည့်နေတာပါ။

အဖေ - ဘာ! မင်းအရွယ်တုန်းက ငါဆို ဒီလိုကားတွေ မကြည့်တတ်သေးဘူးကွ။ (အလိမ်ဖော်စက်က အဖေကို ပါးရိုက်သည်။)

အမေ - ဟားဟား၊ နောက်ဆုံးတော့တွေ့လား၊ ဖအေတူ သားပဲ။ (အလိမ်ဖော်စက်က အမေဖြစ်သူကို ပါးရိုက်သည်။)

play

 

ဟောက်နေတဲ့လူနဲ့ အိပ်ပျော်အောင် အိပ်နည်း

မြို့လေးတစ်မြို့ကို ရောက်တော့  အခန်းလိုက်ရှာသည်။ သို့သော်လည်း ဟိုတယ်တိုင်းက အခန်းပြည့်နေသည်။ နောက်ဆုံးဟိုတယ်က မန်နေဂျာကို တောင်းပန်သည်။

"အိပ်ဖို့နေရာလေးရတယ်ဆို ရပါပြီ၊ လာရတာအဝေးကြီးမို့ ကျွန်တော်နားချင်လို့ပါ"

မန်နေဂျာက ခဏလောက်စဉ်းစားပြီး ပြောသည်။

"ကျွန်တော့်မှာ နှစ်ယောက်ခန်းယူထားရတဲ့ လူတစ်ယောက်ရှိတယ်။ သူက နောက်တစ်ယောက်နဲ့ ဒီအခန်းကို ပိုက်ဆံ မျှခံချင်တယ်။ ခင်ဗျား အဆင်ပြေရင် အဲ့မှာ တည်းလို့ရတယ်။ ဒါပေမဲ့ သူက အရမ်းဟောက်တယ်။ ဘေးခန်းတွေက ကျွန်တော်တို့ကို ညတိုင်းတိုင်တယ်"

ခရီးသွားက ခဏစဉ်းစားပြီး ပြောသည်။

"ရပါတယ်၊ ကိစ္စမရှိဘူး။ ကျွန်တော် ရပါတယ်"

နောက်တစ်နေ့ရောက်တော့ ခရီးသွားက မျက်လုံးကြည်ကြည်လင်လင် နဲ့ အေးအေးဆေးဆေးပဲ မနက်စာလာစားသည်။ မန်နေဂျာက ဘယ်လို အိပ်လဲဟု မေးကြည့်သည်။

ခရီးသွားက

"ကိစ္စမရှိပါဘူး။ ကျွန်တော်အခန်းထဲ ရောက်တော့  ဒီလူက စအိပ်နေပြီ။ ရောက်ရောက်ချင်းပဲ သူ့အိပ်ရာကိုသွား သူ့ကိုနမ်းပြီး ကောင်းကောင်းအိပ်နော် အလှလေး လို့ ပြောလိုက်တာ သူမအိပ်တော့ဘဲ တစ်ညလုံး ကျွန်တော်အိပ်တာ ငုတ်တုပ်ထိုင်ကြည့်နေတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle

AD