AD
AD
AD

ပွေ့ဖက်လှဲလျောင်းပေးသူ

play


သင်စိတ်အရမ်းဖိစီးနေတဲ့အချိန်၊ ယုယပွေ့ဖက်မှုလိုအပ်နေတဲ့အချိန် ငှားလို့ရပါတယ်။ သူတို့ဟာ သင့်အတွက် အလုပ်သဘောအရ ပွေ့ဖက်လှဲလျောင်းပေးမှာပါ။

အကူမတ်တပ်ရပ်သရုပ်ဆောင်

play


များသောအားဖြင့်တော့ စတိတ်ရှိုးတွေ၊ ပြဇာတ်တွေမှာ အလုပ်လုပ်ရတာပါ။ မင်းသား၊ မင်းသမီးတွေအစား ပြဇာတ်တိုက်နေတဲ့အချိန်၊ ကျန်တဲ့သူတွေ အလုပ်လုပ်ဖို့ မင်းသားမင်းသမီးနေရာမှာ ဟန်ပြရပ်ပေးဖို့လိုတဲ့အချိန်တွေမှာ အလုပ်လုပ်ရတာပါ။ သူတို့လည်း တကယ့် မင်းသားမင်းသမီးတွေလိုပဲ မီးထိုးမှန်ထိုးခံရသလို၊ သရုပ်ဆောင်ဖို့လိုရင် သရုပ်ဆောင်ပြရပါတယ်။

ပီကေစမ်းသပ်သူ

play


ကလေးလူကြီး အတော်များများဟာ ပီကေဝါးတတ်ကြပါတယ်။ ပီကေတွေ ထုတ်လုပ်ရောင်းချခြင်း မပြုမီမှာ ပီကေအစမ်းဝါးပြီး စမ်းသပ် သုံးသပ်ပေးရတဲ့သူတွေလည်း ရှိပါတယ်။ ဒီအလုပ်လုပ်ပေးရတဲ့သူတွေဟာလည်း ဝင်ငွေကောင်းကြသူတွေပါပဲ။ အမြဲလိုတော့ ပီကေဝါးနေရမှာပေါ့။

ချောကလက်အလှဆင်သူ

play


ချောကလက်တွေကို လူတွေပိုကြိုက် ပိုစားချင်အောင် ဒီဇိုင်းလှလှလေးတွေ ပြင်ဆင်ပုံဖော်ထုတ်လုပ်ပေးရသူတွေပါ။

အငှားဈေးဝယ်ထွက်ပေးသူ

play


မိန်းကလေး တော်တော်များများ ကြိုက်မယ့်အလုပ်ပါပဲ။ အချိန်မရှိတဲ့သူတွေ၊ ဖက်ရှင်အမြင် မရှိတဲ့သူတွေအတွက် သူတို့လိုအပ်တဲ့ လိုချင်တဲ့ ပစ္စည်းပစ္စယ၊ အဝတ်အစား၊ အသုံးအဆောင်တွေကို ကိုယ်စား ဈေးဝယ်ထွက်ပေးရတာပါ။

လက်ဖက်ရည်အရသာ မြည်းစမ်းပေးသူ

play


ပီကေစမ်းသပ်သူလိုပါပဲ။ လက်ဖက်ရည်အရသာကို စမ်းသပ်အရသာခံပေးရတာပါ။

အသံသရုပ်ဆောင်

play


ဒါကတော့ တော်တော်များများ သိထားပြီးသားအလုပ်ပါ။ ရုပ်ရှင်ဇာတ်ကားတွေ၊ အစီအစဉ်တွေမှာ အသံပဲသရုပ်ဆောင်တဲ့သူတွေပေါ့။ များသောအားဖြင့် ကာတွန်းကားတွေမှာ အသံသရုပ်ဆောင်တွေ အဓိက ပါဝင်ရပါတယ်။

လျှောစမ်းစီးပေးသူ

play


ကစားကွင်းတွေမဖွင့်ခင် လျှောတွေကို စမ်းသပ်ပြီးစီးပေးရတာပါ။ လုံခြုံမှုရှိမရှိပေါ့။ နည်းနည်း အန္တရာယ်များတဲ့ အလုပ်ဆိုပေမယ့် သူတို့အတွက်လည်း အန္တရာယ်ကင်းအောင် စီစဉ်ပြီးမှ စမ်းသပ်ခိုင်းတာပါ။

Netflix Tagger

play


ပျော်စရာကောင်းတဲ့ အလုပ်ပါတဲ့။ Netflix ပေါ်က ရုပ်ရှင်ဇာတ်လမ်းတွေကို အချိန်ပေးပြီး ကြည့်ရှုပေးရုံပါပဲ။ ပြီးရင် ရုပ်ရှင်ဇာတ်လမ်းတွေကို ကျန်တဲ့ကြည့်ရှုသူတွေ ရှာရလွယ်အောင် Keyword တပ်ပေးရပါတယ်။

အိပ်ပေးသူ

play


ဒီအလုပ်လုပ်ချင်သူတွေ မနည်းမနောရှိမှာ သေချာပါတယ်။ NASA ရဲ့သုတေသနတချို့က အိပ်စက်ခြင်းပေါ်မှာ အခြေခံပြီး ရှာဖွေလေ့လာမှုတွေ လုပ်ရတဲ့အခါမှာ ဒီအလုပ်လုပ်တဲ့သူတွေ လိုအပ်လှပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD